ျပည္သူ႔ပါတီ ထိပ္ပိုင္းေခါင္းေဆာင္ စာရင္းကုိ ႏိုဝင္ဘာလအတြင္း ထုတ္ျပန္ေၾကညာမယ္

0
826

ျပည္သူ႔ပါတီကို တည္ေထာင္သူ ဦးကိုကိုႀကီးက ပါတီ ဗဟိုအလုပ္အမႈေဆာင္ စာရင္းနဲ႔ ပါတီဝင္အင္အား တစ္ေထာင္စာရင္းကို ဒီေန႔ ႏိုဝင္ဘာလ ၁၅ ရက္ေန႔မွာ ေနျပည္ေတာ္ရွိ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေက္ာမရွင္ကုိ သြားေရာက္တင္ျပခဲ့ပါတယ္။ ျပည္သူ႔ပါတီ ထိပ္ပုိင္းေခါငး္ေဆာင္ စာရင္းကုိ လာမယ့္ ႏုိဝင္ဘာလ ၁၈ ရက္ေန႔မွာ ျပဳလုပ္မယ့္ ျပည္သူ႔ပါတီ ႐ံုးခန္းဖြင့္ပြဲမွာ ထုတ္ျပန္ေၾကညာသြားမွာ ျဖစ္ပါတယ္။

ဦးကုိကုိႀကီးက သူ႔အေနန႔ဲ ေဒၚေအာင္ဆန္းစုၾကည္ကုိ ေထာင္က ထြက္လာစဥ္ ေျပာၾကားခဲ့တဲ့ စကားေတြျဖစ္တဲ့ အိမ္ေထာင္ျပဳခ်င္လည္းျပဳၾကေတာ့၊ ပါတီဝင္ခ်င္းလည္းဝင္၊ ဒါမွမဟုတ္ ကုိယ့္ဘာသာကုိယ္ ပါတီ ေထာင္ခ်င္လည္း ေထာင္ၾကေတာ့၊ တျခားပါတီေတြေတာ့မဝင္နဲ႔ေနာ္ဆုိၿပီး ရယ္သလုိ ေမာသလုိေလးနဲ႔ ေျပာခဲ့တဲ့ဟာကေလး၊ က်ြန္ေတာ္ အဲဒီပုံရိပ္ေလးကုိ အၿမဲအမွတ္ရေနတယ္၊ အဲဒီေတာ့ က်ြန္ေတာ္ နွစ္ခုစလုံး လုပ္ခဲ့ပါတယ္၊ တစ္ခုကေတာ့ အိမ္ေထာင္ျပဳခဲ့ပါၿပီ၊ ေနာက္တစ္ခုက ကြ်န္ေတာ္ ပါတီေထာင္ခဲ့တာျဖစ္တယ္လုိ႔ ဦးကုိကုိႀကီးက ေနျပည္ေတာ္ရွိ မီဒီယာေတြနဲ႔ ေတြ႔ဆုံစဥ္ ေျပာၾကားခဲ့ပါတယ္။

ျပည္သူ႔ပါတီအေနနဲ႔ မဟာမိတ္ေပၚလစီကုိ က်ြန္ေတာ္တို႔က်င့္သုံးမယ္၊ အထူးသျဖင့္ တုိင္းရင္းသားပါတီနဲ႔ ကြ်န္ေတာ္တုိ႔နဲ႔ လြန္ခဲ့တဲ့ အႏွစ္သုံးဆယ္ ကတည္းကလည္း ရင္းႏွီးတဲ့ မဟာမိတ္ဆက္ဆံေရး ရွိခဲ့တာကုိ ကြ်န္ေတာ္တုိ႔ ထိန္းသိမ္းသြားမွာျဖစ္သလို ဒီမုိက​ေရစီအ​ေရး၊ ဖဒရယ္​အ​ေရးအတြက္​ ယုံၾကည္​ခ်က္​တူ၊ ရည္​မွန္​းခ်က္​တူတဲ့ ပါတီေတြနဲ႔ အတူပူးေပါင္​း​ ေဆာင္​ရြက္​သြားမယ္လို႔လည္း ဦးကိုကိုႀကီးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်သူ့ပါတီ ထိပ်ပိုင်းခေါင်းဆောင် စာရင်းကို နိုဝင်ဘာလအတွင်း ထုတ်ပြန်ကြေညာမယ်

ပြည်သူ့ပါတီကို တည်ထောင်သူ ဦးကိုကိုကြီးက ပါတီ ဗဟိုအလုပ်အမှုဆောင် စာရင်းနဲ့ ပါတီဝင်အင်အား တစ်ထောင်စာရင်းကို ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို သွားရောက်တင်ပြခဲ့ပါတယ်။ ပြည်သူ့ပါတီ ထိပ်ပိုင်းခေါငး်ဆောင် စာရင်းကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြုလုပ်မယ့် ပြည်သူ့ပါတီ ရုံးခန်းဖွင့်ပွဲမှာ ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။

ဦးကိုကိုကြီးက သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်က ထွက်လာစဉ် ပြောကြားခဲ့တဲ့ စကားတွေဖြစ်တဲ့ အိမ်ထောင်ပြုချင်လည်းပြုကြတော့၊ ပါတီဝင်ချင်းလည်းဝင်၊ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် ပါတီ ထောင်ချင်လည်း ထောင်ကြတော့၊ တခြားပါတီတွေတော့မဝင်နဲ့နော်ဆိုပြီး ရယ်သလို မောသလိုလေးနဲ့ ပြောခဲ့တဲ့ဟာကလေး၊ ကျွန်တော် အဲဒီပုံရိပ်လေးကို အမြဲအမှတ်ရနေတယ်၊ အဲဒီတော့ ကျွန်တော် နှစ်ခုစလုံး လုပ်ခဲ့ပါတယ်၊ တစ်ခုကတော့ အိမ်ထောင်ပြုခဲ့ပါပြီ၊ နောက်တစ်ခုက ကျွန်တော် ပါတီထောင်ခဲ့တာဖြစ်တယ်လို့ ဦးကိုကိုကြီးက နေပြည်တော်ရှိ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

ပြည်သူ့ပါတီအနေနဲ့ မဟာမိတ်ပေါ်လစီကို ကျွန်တော်တို့ကျင့်သုံးမယ်၊ အထူးသဖြင့် တိုင်းရင်းသားပါတီနဲ့ ကျွန်တော်တို့နဲ့ လွန်ခဲ့တဲ့ အနှစ်သုံးဆယ် ကတည်းကလည်း ရင်းနှီးတဲ့ မဟာမိတ်ဆက်ဆံရေး ရှိခဲ့တာကို ကျွန်တော်တို့ ထိန်းသိမ်းသွားမှာဖြစ်သလို ဒီမိုက​ရေစီအ​ရေး၊ ဖဒရယ်​အ​ရေးအတွက်​ ယုံကြည်​ချက်​တူ၊ ရည်​မှန်​းချက်​တူတဲ့ ပါတီတွေနဲ့ အတူပူးပေါင်​း​ ဆောင်​ရွက်​သွားမယ်လို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)