သီလဝါ အထူးစီးပြားေရးဇုန္မွာ ဥပေဒပါ အလုပ္ရရွိမႈ ႏိုင္ငံျခားသား အေရအတြက္ နည္းပါး

0
595

သီလ၀ါအထူးစီးပြားေရးဇုန္မွာ ဥပေဒပါ အလုပ္ရရွိမႈ အခ်ဳိးအစားဟာ နုိင္ငံျခားသားအလုပ္သမား အေရအတြက္က နည္းပါးေနဆဲျဖစ္ပါတယ္လုိ႔ စီမံခန္႔ခြဲမႈေကာ္မတီ ဒုတိယဥကၠဌ-၂ က ေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

သီလ၀ါအထူးစီးပြားေရးဇုန္က စက္ရုံေတြအေနနဲ႔ ဥပေဒမွာပါ အလုပ္ရရွိမႈ အခ်ဳိးအစားဟာ ခြင့္ျပဳထားတဲ့ နုိင္ငံျခားသား အလုပ္သမားအေရအတြက္ထက္ နည္းပါးေနျပီး ျမန္မာလုပ္သားေတြက ပုိမုိ႔အလုပ္အကုိင္ရရွိေနတယ္လို႔ သီလ၀ါအထူးစီးပြားေရးဇုန္ စီမံခန္႔ခြဲမႈေကာ္မတီ ဒုတိယဥကၠဌ-၂ ကေျပာပါတယ္။

နုိ၀င္ဘာလ ၁၄ ရက္ေန႔က သီလ၀ါအထူးစီးပြားေရးဇုန္ ဇုန္ B မွာ LS_Gaon Cable Myanmar ဖြင္႔ပြဲ အခမ္းအနား ျပဳလုပ္ခဲ့တာပါ။

Soundbite ေဒၚခ်ဳိခ်ဳိ၀င္း (ဒုတိယဥကၠဌ-၂)
သီလ၀ါအထူးစီးပြားေရးဇုန္စီမံခန္႔ခြဲမႈေကာ္မတီ

ဒါ့အျပင့္ သီလ၀ါအထူးစီးပြားေရးဇုန္မွာ EC စာခ်ဳပ္ထားျပီး လုပ္သား ၇ ေထာင္ေက်ာ္ရွိေနျပီး ေန႔စားလုပ္သားေတြ အပါအ၀င္ ေန႔စဥ္လုပ္သား ၂ေသာင္းနီပါးေလာက္ လုပ္ကုိင္ေနတာလည္းျဖစ္ပါတယ္။

ျမန္​မာႏုိင္​ငံရဲ႕တည္​​ေဆာက္​မႈပုံစံနဲ႔ စက္​ပစၥည္​း​ေတြ၊ တပ္​ဆင္​ထားမႈ လ်ပ္​စစ္​စြမ္​းအားဆုိင္​ရာ လိုအပ္​ခ်က္​​ေတြ​၊ ေဆာက္​လုပ္​​ေရးလုပ္​ငန္​းသုံး ​ေကဘယ္​လ္​ႀကိဳး ထုတ္​လုပ္​ျဖန္​႔ခ်ိတာေတြအျပင္​​ ေစ်းကြက္​တြင္​း ပထမဆုံး အလုပ္​အကုိင္​အခြင္​့အလမ္​း​ေတြ ဖန္​တီးမႈ​ေတြကုိ အဓိက ထား​ေဆာင္ရြက္​သြားမယ္လို႔လည္း LS_Gaon Cable Myanmar တာ၀န္ရွိသူကေျပာပါတယ္။

Soundbite Mr.Choi Woo Chan (Production Director)
LS_Gaon Cable Myanmar

လက္ရွိ သီလ၀ါအထူးစီးပြားေရးဇုန္မွာ ခြင့္ျပဳထားတဲ့ စက္ရုံ ၉၇ ရုံမွာ ၅၇ ရုံက လွည့္ပတ္ေနတာပါ။ အဲဒီ စက္႐ုံ ၅၇ ႐ုံထဲက ၁၅ ရုံဟာ Export လုပ္ငန္းလုပ္ေဆာင္ေနျပီး္ တျခား စက္႐ုံေတြကေတာ့ ျပည္တြင္းေစ်းကြက္အတြက္ ျဖည့္ဆီးေပးေနတယ္လို႔လည္း ေျပာပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သီလဝါအထူးစီးပွားရေးဇုန်မှာ ဥပဒေပါ အလုပ်ရရှိမှု အချိုးအစားဟာ နိုင်ငံခြားသားအလုပ်သမား အရေအတွက်က နည်းပါးနေဆဲဖြစ်ပါတယ်လို့ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ-၂ က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်က စက်ရုံတွေအနေနဲ့ ဥပဒေမှာပါ အလုပ်ရရှိမှု အချိုးအစားဟာ ခွင့်ပြုထားတဲ့ နိုင်ငံခြားသား အလုပ်သမားအရေအတွက်ထက် နည်းပါးနေပြီး မြန်မာလုပ်သားတွေက ပိုမို့အလုပ်အကိုင်ရရှိနေတယ်လို့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ-၂ ကပြောပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့က သီလဝါအထူးစီးပွားရေးဇုန် ဇုန် B မှာ LS_Gaon Cable Myanmar ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တာပါ။

Soundbite ဒေါ်ချိုချိုဝင်း (ဒုတိယဥက္ကဌ-၂)
သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ

ဒါ့အပြင့် သီလဝါအထူးစီးပွားရေးဇုန်မှာ EC စာချုပ်ထားပြီး လုပ်သား ၇ ထောင်ကျော်ရှိနေပြီး နေ့စားလုပ်သားတွေ အပါအဝင် နေ့စဉ်လုပ်သား ၂သောင်းနီပါးလောက် လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။

မြန်​မာနိုင်​ငံရဲ့တည်​​ဆောက်​မှုပုံစံနဲ့ စက်​ပစ္စည်​း​တွေ၊ တပ်​ဆင်​ထားမှု လျပ်​စစ်​စွမ်​းအားဆိုင်​ရာ လိုအပ်​ချက်​​တွေ​၊ ဆောက်​လုပ်​​ရေးလုပ်​ငန်​းသုံး ​ကေဘယ်​လ်​ကြိုး ထုတ်​လုပ်​ဖြန်​့ချိတာတွေအပြင်​​ ဈေးကွက်​တွင်​း ပထမဆုံး အလုပ်​အကိုင်​အခွင်​့အလမ်​း​တွေ ဖန်​တီးမှု​တွေကို အဓိက ထား​ဆောင်ရွက်​သွားမယ်လို့လည်း LS_Gaon Cable Myanmar တာဝန်ရှိသူကပြောပါတယ်။

Soundbite Mr.Choi Woo Chan (Production Director)
LS_Gaon Cable Myanmar

လက်ရှိ သီလဝါအထူးစီးပွားရေးဇုန်မှာ ခွင့်ပြုထားတဲ့ စက်ရုံ ၉၇ ရုံမှာ ၅၇ ရုံက လှည့်ပတ်နေတာပါ။ အဲဒီ စက်ရုံ ၅၇ ရုံထဲက ၁၅ ရုံဟာ Export လုပ်ငန်းလုပ်ဆောင်နေပြီး် တခြား စက်ရုံတွေကတော့ ပြည်တွင်းဈေးကွက်အတွက် ဖြည့်ဆီးပေးနေတယ်လို့လည်း ပြောပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)