Great Well ဖိနပ္စက္႐ုံ အလုပ္သမားျပႆနာ ေျပလည္မႈရရွိ (႐ုပ္/သံ)

0
668

တိုင္းအစိုးရ ၾကားဝင္ေစ့စပ္ေပးမႈနဲ႔ လေပါင္းမ်ားစြာၾကာျမင့္တ့ဲအထိ လုပ္ခလစာနဲ႔ နစ္နာေၾကးမရရွိတဲ့ Great Well ဖိနပ္စက္႐ုံ အလုပ္သမားျပႆနာကို ေျပလည္မႈရရွိခ့ဲတယ္လို အလုပ္သမားေတြက ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

ဇူလိုင္လကစတင္ၿပီး အေၾကာင္းျပခ်က္မရွိဘဲ လုပ္ငန္းခြင္ဝင္ေရာက္ခြင့္မရရွိတဲ့အျပင္ လုပ္ခလစာမရရွိေသးတ့ဲ Great Well ဖိနပ္စက္႐ုံလုပ္သားေတြရဲ႕ အလုပ္သမားအခြင့္အေရးနစ္နာမႈေတြကို ၾကားဝင္ေျဖရွင္းေပးဖို႔ ႏိုဝင္ဘာလ ၁၃ ရက္ေန႔က ရန္ကုန္တိုင္းေဒသႀကီး အစိုးရ႐ုံးေရွ႕အထိ သြားေရာက္ေတာင္းဆိုခ့ဲပါတယ္။

အဲဒီလို ေတာင္းဆိုတ့ဲ အလုပ္သမားေတြကို ရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဴပ္က အလုပ္ရွင္၊ အလုပ္သမား ၾကားဝင္ညွိႏိႈင္းေပးခဲ့ၿပီး ႏို၀င္ဘာလ ၁၄ ရက္ေန႔က ေျပလည္မႈရကာ ႏို၀င္ဘာလ ၃၀ ရက္ေန႔မွာေတာ့ အလုပ္သမားေတြ နစ္နာေၾကးေတြ ရရွိမယ္လို႔ အလုပ္သမားေခါင္းေဆာင္တစ္ဦးက ေျပာပါတယ္။

Soundbite – ကိုေဇာ္မင္းသိန္း (Great Well ဖိနပ္စက္႐ုံ အလုပ္သမား)

အလုပ္သမားေတြအေနနဲ႔ ေအာက္ေျခအဆင့္ဆင့္မွာ ေျပလည္မႈရဖို႔ အႀကိမ္ႀကိမ္ေတာင္းဆိုခ့ဲေပမယ့္ ေအာက္အဆင့္ဆင့္မွာ မေျပလည္တာေၾကာင့္ ေနာက္ဆုံး တိုင္းေဒသႀကီးဝန္ႀကီးခ်ဴပ္ဆီ ေတာင္းဆိုခဲ့ရတာ ျဖစ္ပါတယ္။

ဒါ့အျပင္ တျခား အလုပ္ရွင္၊ အလုပ္သမား ျပႆနာေတြကိုလည္း သူတိုလို႔ ဝန္ႀကီးခ်ဴပ္ဆီအထိ မေရာက္ဘဲ ေအာက္ေျခမွာတင္ ေျပလည္မႈရေအာင္ သက္ဆိုင္ရာဌာနေတြမွာ ေျဖရွင္းေပးဖို႔ လိုအပ္တယ္လို႔ ေျပာပါတယ္။

Soundbite – ကိုေဇာ္မင္းသိန္း (Great Well ဖိနပ္စက္႐ုံ အလုပ္သမား)

အ့ဲဒီစက္႐ုံကို ၂၀၀၈ ခုႏွစ္က စတင္ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး အလုပ္သမား ၃၀၀ ေက်ာ္နဲ႕ လည္ပတ္ေနတာ ျဖစ္ပါတယ္။ အခုႏွစ္ ဇူလိုင္လက ဖိနပ္ေအာက္ခံ ထုတ္လုပ္တ့ဲဌာနနဲ႔ ဖိနပ္အၿပီးသတ္ ထုတ္တ့ဲဌာနေတြက အလုပ္သမား ၂၂ ဦးကို အလုပ္မရွိလို႔ လစာမေပးခ့ဲရာက စတင္ၿပီး အ့ဲဒီအလုပ္သမားေတြ အပါအ၀င္ အလုပ္သမား ၇၆ ဦး လစာမရရွိတာေတြ ျဖစ္ပြားခဲ့တာပါ။

အဲဒီလို အလုပ္သမားအခြင့္အေရးဆုံး႐ႈံးမႈေတြ ျဖစ္ေပၚခဲ့တာေၾကာင့္ အလုပ္သမားေတြဟာ လေပါင္းမ်ားစြာ ဆႏၵျပေတာင္းဆိုတာေတြ ျပဳလုပ္ခဲ့ရၿပီး အခုလို တိုင္းေဒသႀကီးအစိုးရ ညွိႏႈိင္းေပးမႈေၾကာင့္ နစ္နာေၾကးေတြ ရရွိတာျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Great Well ဖိနပ်စက်ရုံ အလုပ်သမားပြဿနာ ပြေလည်မှုရရှိ

တိုင်းအစိုးရ ကြားဝင်စေ့စပ်ပေးမှုနဲ့ လပေါင်းများစွာကြာမြင့်တဲ့အထိ လုပ်ခလစာနဲ့ နစ်နာကြေးမရရှိတဲ့ Great Well ဖိနပ်စက်ရုံ အလုပ်သမားပြဿနာကို ပြေလည်မှုရရှိခဲ့တယ်လို အလုပ်သမားတွေက ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

ဇူလိုင်လကစတင်ပြီး အကြောင်းပြချက်မရှိဘဲ လုပ်ငန်းခွင်ဝင်ရောက်ခွင့်မရရှိတဲ့အပြင် လုပ်ခလစာမရရှိသေးတဲ့ Great Well ဖိနပ်စက်ရုံလုပ်သားတွေရဲ့ အလုပ်သမားအခွင့်အရေးနစ်နာမှုတွေကို ကြားဝင်ဖြေရှင်းပေးဖို့ နိုဝင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးရှေ့အထိ သွားရောက်တောင်းဆိုခဲ့ပါတယ်။

အဲဒီလို တောင်းဆိုတဲ့ အလုပ်သမားတွေကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချူပ်က အလုပ်ရှင်၊ အလုပ်သမား ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့က ပြေလည်မှုရကာ နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ အလုပ်သမားတွေ နစ်နာကြေးတွေ ရရှိမယ်လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

Soundbite – ကိုဇော်မင်းသိန်း (Great Well ဖိနပ်စက်ရုံ အလုပ်သမား)

အလုပ်သမားတွေအနေနဲ့ အောက်ခြေအဆင့်ဆင့်မှာ ပြေလည်မှုရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် အောက်အဆင့်ဆင့်မှာ မပြေလည်တာကြောင့် နောက်ဆုံး တိုင်းဒေသကြီးဝန်ကြီးချူပ်ဆီ တောင်းဆိုခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် တခြား အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေကိုလည်း သူတိုလို့ ဝန်ကြီးချူပ်ဆီအထိ မရောက်ဘဲ အောက်ခြေမှာတင် ပြေလည်မှုရအောင် သက်ဆိုင်ရာဌာနတွေမှာ ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

Soundbite – ကိုဇော်မင်းသိန်း (Great Well ဖိနပ်စက်ရုံ အလုပ်သမား)

အဲ့ဒီစက်ရုံကို ၂၀ဝ၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အလုပ်သမား ၃၀ဝ ကျော်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ အခုနှစ် ဇူလိုင်လက ဖိနပ်အောက်ခံ ထုတ်လုပ်တဲ့ဌာနနဲ့ ဖိနပ်အပြီးသတ် ထုတ်တဲ့ဌာနတွေက အလုပ်သမား ၂၂ ဦးကို အလုပ်မရှိလို့ လစာမပေးခဲ့ရာက စတင်ပြီး အဲ့ဒီအလုပ်သမားတွေ အပါအဝင် အလုပ်သမား ၇၆ ဦး လစာမရရှိတာတွေ ဖြစ်ပွားခဲ့တာပါ။

အဲဒီလို အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အလုပ်သမားတွေဟာ လပေါင်းများစွာ ဆန္ဒပြတောင်းဆိုတာတွေ ပြုလုပ်ခဲ့ရပြီး အခုလို တိုင်းဒေသကြီးအစိုးရ ညှိနှိုင်းပေးမှုကြောင့် နစ်နာကြေးတွေ ရရှိတာဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)