
0
754




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျာမနီက အမေရိကန် ဒေါ်လာ ၃၉ သန်း ထောက်ပံ့ဖို့ ကတိပြု

မြန်မာနိုင်ငံမှာ စီးပွားရေး ရေရှည်တည်တံ့ဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး၊ အစားအသောက်နဲ့ အာဟာရ ဖူလုံရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ အမေရိကန် ဒေါ်လာ ၃၉ သန်း (ယူရို ၃၄ ဒသမ ၅ သန်း) ထောက်ပံ့ဖို့ ကတိပြုလိုက်ပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ-ဂျာမနီ နှစ်နိုင်ငံအစိုးရ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စကားဝိုင်းမှာ ဂျာမနီက အခုလို ကတိပြုခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းစွာ အားလုံးအတူတူ ပါဝင်နိုင်တဲ့ ဒီမိုကရေစီကို လျှောက်လှမ်းနေတဲ့ အကူးအပြောင်းကာလမှာ ထောက်ပံ့ပေးဖို့ အမြဲအဆင်သင့်ရှိတယ်လို့ ဂျာမန်သံအမတ်ကြီး ဒေါ်ရိုသီ ဂျနက်ဇ် ဝင်ဇယ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)