ျပည္ပရင္းႏွီးျမႈပ္ႏွံသူေတြ ပိုမိုဝင္ေရာက္လာရင္ ေရေၾကာင္း အလုပ္အကိုင္အခြင့္ေတြ ပိုမိုရလာႏိုင္ (႐ုပ္/သံ)

0
874

ႏိုင္ငံတကာရင္းႏွီးျမွဳပ္ႏွံသူေတြ ပိုမိုဝင္ေရာက္လာပါက ေရေၾကာင္းနဲ႔ ပတ္သက္တဲ့ အလုပ္အကိုင္အခြင့္အလမ္းေတြ ပိုမိုရလာႏိုင္တယ္လို႔ ျမန္မာႏိုင္ငံ ေရေၾကာင္းအတတ္ပညာရွင္မ်ားအသင္း MNA က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ပင္လယ္ေရေၾကာင္းက႑ လိုအပ္ခ်က္ေတြ၊ ျပည္တြင္းက ဘဏ္ေတြနဲ႔ အာမခံခ်ိတ္ဆက္ဖို႔နဲ႔ ေရေၾကာင္းက႑ ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ျမန္မာ့ေရေၾကာင္း ညီလာခံ ၂၀၁၈ ကို ျမန္မာႏိုင္ငံမွာ ပထမဆုံးအႀကိမ္ က်င္းပခဲ့ပါတယ္။

ေရေၾကာင္းက႑ဖြံ႔ၿဖိဳးတိုးတက္လာၿပီး ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံသူေတြ ပိုမိုဝင္ေရာက္လာခဲ႔ရင္ ေရေၾကာင္းနဲ႔ ပတ္သက္တဲ့ အလုပ္အကိုင္အခြင့္အလမ္းေတြ ပိုမိုရလာႏိုင္တယ္လို႔ ျမန္မာႏိုင္ငံ ေရေၾကာင္းအတတ္ပညာ ရွင္မ်ားအသင္း MNA က ေျပာပါတယ္။

ႏိုဝင္ဘာလ ၁၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Rose Garden ဟိုတယ္မွာ ျမန္မာ့ေရေၾကာင္း ညီလာခံ ၂၀၁၈ ကို က်င္းပခဲ႔တာပါ။

Soundbite ကပၸတိန္ ဝင္းႏိုင္ညႊန္႔ (အတြင္းေရးမွဴး)
ျမန္မာႏိုင္ငံေရေၾကာင္းအတတ္ပညာရွင္မ်ားအသင္း MNA

ဒါ့အျပင္ ႏိုင္ငံတကာ ေရေၾကာင္းဥပေဒေတြက တင္းက်ပ္လာတဲ႔အတြက္ ျမန္မာႏိုင္ငံမွာရွိတဲ႔ ပင္လယ္ေရေၾကာင္းလိုက္ပါမယ့္ သေဘၤာသားေတြအေနနဲ႔ ႀကိဳတင္ျပင္ဆင္ထားဖို႔ လိုအပ္တယ္လို႔လည္း ေျပာပါတယ္။

Soundbite ကပၸတိန္ ဝင္းႏိုင္ညႊန္႔ (အတြင္းေရးမွဴး)
ျမန္မာႏိုင္ငံေရေၾကာင္းအတတ္ပညာရွင္မ်ားအသင္း MNA

ျမန္မာ့ေရေၾကာင္း ညီလာခံ ၂၀၁၈ ကေန ထြက္ေပၚလာမယ့္ ရလာဒ္ေတြကို ျမန္မာႏိုင္ငံေရေၾကာင္း အတတ္ပညာရွင္မ်ားအသင္း MNA က စာအုပ္ထုတ္ေဝၿပီး အစိုးရနဲ႔ ေရေၾကာင္းနဲ႔ သက္ဆိုင္တဲ့ အဖြဲ႔အစည္းေတြကို ျဖန္႔ေဝသြားမွာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ပရင်းနှီးမြှုပ်နှံသူတွေ ပိုမိုဝင်ရောက်လာရင် ရေကြောင်း အလုပ်အကိုင်အခွင့်တွေ ပိုမိုရလာနိုင်

နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ ပိုမိုဝင်ရောက်လာပါက ရေကြောင်းနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရလာနိုင်တယ်လို့ မြန်မာနိုင်ငံ ရေကြောင်းအတတ်ပညာရှင်များအသင်း MNA က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

ပင်လယ်ရေကြောင်းကဏ္ဍ လိုအပ်ချက်တွေ၊ ပြည်တွင်းက ဘဏ်တွေနဲ့ အာမခံချိတ်ဆက်ဖို့နဲ့ ရေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့ရေကြောင်း ညီလာခံ ၂၀၁၈ ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ ပါတယ်။

ရေကြောင်းကဏ္ဍဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ပိုမိုဝင်ရောက်လာခဲ့ရင် ရေကြောင်းနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရလာနိုင်တယ်လို့ မြန်မာနိုင်ငံ ရေကြောင်းအတတ်ပညာ ရှင်များအသင်း MNA က ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ Rose Garden ဟိုတယ်မှာ မြန်မာ့ရေကြောင်း ညီလာခံ ၂၀၁၈ ကို ကျင်းပခဲ့တာပါ။

Soundbite ကပ္ပတိန် ဝင်းနိုင်ညွှန့် (အတွင်းရေးမှူး)
မြန်မာနိုင်ငံရေကြောင်းအတတ်ပညာရှင်များအသင်း MNA

ဒါ့အပြင် နိုင်ငံတကာ ရေကြောင်းဥပဒေတွေက တင်းကျပ်လာတဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ပင်လယ်ရေကြောင်းလိုက်ပါမယ့် သင်္ဘောသားတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

Soundbite ကပ္ပတိန် ဝင်းနိုင်ညွှန့် (အတွင်းရေးမှူး)
မြန်မာနိုင်ငံရေကြောင်းအတတ်ပညာရှင်များအသင်း MNA

မြန်မာ့ရေကြောင်း ညီလာခံ ၂၀၁၈ ကနေ ထွက်ပေါ်လာမယ့် ရလာဒ်တွေကို မြန်မာနိုင်ငံရေကြောင်း အတတ်ပညာရှင်များအသင်း MNA က စာအုပ်ထုတ်ဝေပြီး အစိုးရနဲ့ ရေကြောင်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ဖြန့်ဝေသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)