တ႐ုတ္နယ္စပ္ေဒသေတြမွာ အာဖရိကဝက္ အျပင္းဖ်ားေရာဂါ ႀကိဳတင္ကာကြယ္ေရး ႏိႈးေဆာ္

0
821

ျမန္မာႏိုင္ငံတြင္းမွာ အာဖရိကဝက္ အျပင္းဖ်ားေရာဂါ ျဖစ္ပြားျခင္း မရွိေသးေပမယ့္ တ႐ုတ္ႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ နယ္စပ္ေဒသေတြမွာ သတိျပဳ ႀကိဳတင္ကာကြယ္ေရး ႏိႈးေဆာ္ထားပါတယ္။

တ႐ုတ္ႏိုင္ငံ၊ ယူနန္နယ္အပါအဝင္ အေရွ႕ေျမာက္ေဒသ၊ အလယ္ပိုင္းေဒသနဲ႔ အေရွ႕ပိုင္းေဒသေတြမွာ အာဖရိကဝက္ အျပင္းဖ်ားေရာဂါ ျဖစ္ပြားေနပါတယ္။ အာဖရိကဝက္ အျပင္းဖ်ားေရာဂါဟာ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္ၿပီး ေရာဂါနဲ႔ ေသဆံုးတဲ့ အိမ္ေမြးဝက္၊ ေတာဝက္၊ ေရာဂါပိုးပါတဲ့ ဝက္နဲ႔ ဝက္ထြက္ပစၥည္း၊ မႊားေကာင္တို႔ကေန ကူးစက္ႏိုင္ပါတယ္။

အာဖရိကဝက္ အျပင္းဖ်ားေရာဂါဟာ လူကို ကူးစက္ျခင္း မရွိေပမယ့္ ေသဆံုးမႈ ျမင့္မားတဲ့အတြက္ ဝက္ေမြးျမဴေရးလုပ္ငန္းကို အႀကီးအက်ယ္ ထိခိုက္ေစပါတယ္။ တ႐ုတ္နယ္စပ္ေတြမွာ ဝက္နဲ႔ ဝက္ထြက္ပစၥည္းေတြကို စစ္ေဆးဖို႔၊ ပညာေပးေဟာေျပာဖို႔၊ ဝက္နဲ႔ ဝက္ထြက္ပစၥည္း တရားမဝင္တင္သြင္းတာ တားဆီးဖို႔ ေမြးျမဴေရးႏွင့္ ကုသေရး ဦးစီးဌာနက သတိေပး ႏိႈးေဆာ္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်နယ်စပ်ဒေသတွေမှာ အာဖရိကဝက် အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး နှိုးဆော်

မြန်မာနိုင်ငံတွင်းမှာ အာဖရိကဝက် အပြင်းဖျားရောဂါ ဖြစ်ပွားခြင်း မရှိသေးပေမယ့် တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ သတိပြု ကြိုတင်ကာကွယ်ရေး နှိုးဆော်ထားပါတယ်။

တရုတ်နိုင်ငံ၊ ယူနန်နယ်အပါအဝင် အရှေ့မြောက်ဒေသ၊ အလယ်ပိုင်းဒေသနဲ့ အရှေ့ပိုင်းဒေသတွေမှာ အာဖရိကဝက် အပြင်းဖျားရောဂါ ဖြစ်ပွားနေပါတယ်။ အာဖရိကဝက် အပြင်းဖျားရောဂါဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ရောဂါနဲ့ သေဆုံးတဲ့ အိမ်မွေးဝက်၊ တောဝက်၊ ရောဂါပိုးပါတဲ့ ဝက်နဲ့ ဝက်ထွက်ပစ္စည်း၊ မွှားကောင်တို့ကနေ ကူးစက်နိုင်ပါတယ်။

အာဖရိကဝက် အပြင်းဖျားရောဂါဟာ လူကို ကူးစက်ခြင်း မရှိပေမယ့် သေဆုံးမှု မြင့်မားတဲ့အတွက် ဝက်မွေးမြူရေးလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေပါတယ်။ တရုတ်နယ်စပ်တွေမှာ ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေကို စစ်ဆေးဖို့၊ ပညာပေးဟောပြောဖို့၊ ဝက်နဲ့ ဝက်ထွက်ပစ္စည်း တရားမဝင်တင်သွင်းတာ တားဆီးဖို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက သတိပေး နှိုးဆော်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)