မိန္းကေလးကို ဓားနဲ႔ေထာက္ၿပီး ခ်စ္ခြင့္ပန္သူ အဖမ္းခံရ

0
1282

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္မွာ မိန္းကေလးတစ္ဦးကို ဓားနဲ႔ေထာက္ၿပီး ခ်စ္ခြင့္ပန္တဲ့သူကို ဖမ္းဆီးလိုက္ပါတယ္။

မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာၿမိဳင္ (၁) ရက္ကြက္၊ ၆၉ လမ္း၊ ၄၃ လမ္းနဲ႔ သိပၸံလမ္းၾကားမွာ လိႈင္မင္းေအာင္ (၂၀ ႏွစ္) ဟာ အိုးဘိုရပ္ကြက္ေန မိန္းကေလးတစ္ဦးကို ခ်စ္ခြင့္ပန္ရာမွာ ျပန္လည္ ခ်စ္ႀကိဳက္ျခင္း မရွိလို႔ လည္ပင္းကို ဓားနဲ႔ေထာက္ၿပီး အေျဖေတာင္းခဲ့ပါတယ္။

အဲဒီလို ဓားနဲ႔ေထာက္ၿပီး အေျဖေတာင္းေနစဥ္ မဟာေအာင္ေျမ ၿမိဳ႕မရဲစခန္းက ရဲတပ္ဖြဲ႔ဝင္ေတြနဲ႔ ရင္ဆိုင္တိုးၿပီး အဖမ္းခံရတာ ျဖစ္ပါတယ္။ သက္ေသခံ ဓားကို သိမ္းဆည္းၿပီး လိႈင္မင္းေအာင္ကို အမႈဖြင့္အေရးယူထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိန်းကလေးကို ဓားနဲ့ထောက်ပြီး ချစ်ခွင့်ပန်သူ အဖမ်းခံရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ မိန်းကလေးတစ်ဦးကို ဓားနဲ့ထောက်ပြီး ချစ်ခွင့်ပန်တဲ့သူကို ဖမ်းဆီးလိုက်ပါတယ်။

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရက်ကွက်၊ ၆၉ လမ်း၊ ၄၃ လမ်းနဲ့ သိပ္ပံလမ်းကြားမှာ လှိုင်မင်းအောင် (၂၀ နှစ်) ဟာ အိုးဘိုရပ်ကွက်နေ မိန်းကလေးတစ်ဦးကို ချစ်ခွင့်ပန်ရာမှာ ပြန်လည် ချစ်ကြိုက်ခြင်း မရှိလို့ လည်ပင်းကို ဓားနဲ့ထောက်ပြီး အဖြေတောင်းခဲ့ပါတယ်။

အဲဒီလို ဓားနဲ့ထောက်ပြီး အဖြေတောင်းနေစဉ် မဟာအောင်မြေ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်တိုးပြီး အဖမ်းခံရတာ ဖြစ်ပါတယ်။ သက်သေခံ ဓားကို သိမ်းဆည်းပြီး လှိုင်မင်းအောင်ကို အမှုဖွင့်အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)