အလုပ္သမားတရား႐ုံးေတြ ထားရွိဖုိ႔ မျဖစ္မေန လုိအပ္ (႐ုပ္/သံ)

0
671

အလုပ္ရွင္နဲ႔ အလုပ္သမားေတြအတြက္ အလုပ္သမားတရား႐ုံးေတြ ထားရွိဖုိ႔ မျဖစ္မေန လိုအပ္ေနၿပီ ျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

အလုပ္ရွင္၊ အလုပ္သမား အျငင္းပြားမႈျပႆနာကို ေျဖရွင္းေပးဖို႔အတြက္ အလုပ္သမားတရား႐ုံးေတြ အျမန္ဆံုး ေပၚေပါက္လာဖို႔ လိုအပ္ေနၿပီလို႔ ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစံုအ လုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒က ေျပာပါတယ္။

လက္ရွိမွာ အလုပ္ရွင္အလုပ္သမား အျငင္းပြားမႈျပႆနာနဲ႔ ပတ္သက္လို႔ ခံုသမာဓိေကာင္စီက ကိုင္တြယ္ေျဖရွင္းႏိုင္မႈမွာ အားနည္းခ်က္ေတြ ရွိေနတာေၾကာင့္ အလုပ္သမားေတြအေနနဲ႔ ယံုၾကည္မႈ နည္းပါးလာတဲ့အတြက္ အလုပ္သမားေတြ သက္ဆုိင္အဖြဲ႕အစည္းေတြကုိ တုိင္တန္းတာေတြ မလုပ္ေတာ့ဘဲ သပိတ္တန္းေမွာက္ေနၾကတာေတြ လုပ္ေဆာင္လာတာ ျဖစ္ပါတယ္။

Soundbite; ဦးေနာ္ေအာင္ (ဒုတိယဥကၠ႒)
ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္ ၀န္ေဆာင္မႈလုပ္ငန္းေပါင္းစံု အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္

ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစံု အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္က ဦးေဆာင္ၿပီး ၿပီးခဲ့တဲ့ ဇြန္လအတြင္းက အလုပ္သမားတရားရံုးေပၚေပါက္ဖို႔ အမ်ဳိးသားအဆင့္ဖိုရမ္တစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။

အဲဒီဖုိရမ္မွာ အလုပ္သမားဝန္ႀကီးဌာနအပါအ၀င္ အလုပ္သမား၊ အလုပ္ရွင္နဲ႔ လႊတ္ေတာ္ကုိယ္စားလွယ္ေတြ တက္ေရာက္ေဆြးေႏြးခဲ့ၾကပါတယ္။ အဲဒီလို ေဆြးေႏြးရာမွာ သက္ဆုိင္ရာ ဝန္ႀကီးဌာနအေနနဲ႔ အလုပ္သမားတရား႐ုံးေတြ အျမန္ဆုံး ထူေထာင္နုိ္င္ဖို႔ လုပ္ေဆာင္ေပးသြားမယ္လို႔ ေျပာၾကားထားခဲ့ေပမယ့္ အခုခ်ိန္ထိ တစ္စုံတစ္ရာ အေကာင္အထည္ေဖာ္ေဆာင္ရြက္နုိင္ျခင္း မရွိေသးတဲ့အေျခအေနမွာ ရွိေနေသးတာ ျဖစ္ပါတယ္။

Soundbite; ဦးေနာ္ေအာင္ (ဒုတိယဥကၠ႒)
ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္ ၀န္ေဆာင္မႈလုပ္ငန္းေပါင္းစံု အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္

၂၀၁၂ ခုႏွစ္၊ အလုပ္သမားေရးရာ အျငင္းပြားမႈေျဖရွင္းေရး ဥပေဒပုဒ္မ ၅၃ အရ ၀န္ႀကီးဌာနအေနနဲ႔ အလုပ္သမားေရးရာ အျငင္းပြားမႈေတြကို စစ္ေဆးစီရင္ဖို႔ အလုပ္သမားတရား႐ုံးေတြ ဖြဲ႕စည္းတည္ေထာင္ႏိုင္ေရးအတြက္ ျပည္ေထာင္စုတရား႐ုံးလႊတ္ေတာ္ခ်ဳပ္နဲ႔ ညွိႏိႈင္းေဆာင္ရြက္ႏိုင္တယ္လို႔ ဥပေဒမွာ ေဖာ္ျပပါရွိပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်သမားတရားရုံးတွေ ထားရှိဖို့ မဖြစ်မနေ လိုအပ်

အလုပ်ရှင်နဲ့အလုပ်သမားတွေအတွက် အလုပ်သမားတရားရုံးတွေ ထားရှိဖို့ မဖြစ်မနေလို အပ်နေပြီ ဖြစ်ပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုပြဿနာကို ဖြေရှင်းပေးဖို့အတွက် အလုပ်သမားတရားရုံးတွေ အမြန်ဆုံး ပေါ်ပေါက်လာဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအ လုပ်သမားများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက ပြောပါတယ်။

လက်ရှိမှာ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုပြဿနာနဲ့ ပတ်သက်လို့ ခုံသမာဓိကောင်စီက ကိုင်တွယ်ဖြေရှင်းနိုင်မှုမှာ အားနည်းချက်တွေ ရှိနေတာကြောင့် အလုပ်သမားတွေအနေနဲ့ ယုံကြည်မှု နည်းပါးလာတဲ့အတွက် အလုပ်သမားတွေ သက်ဆိုင်အဖွဲ့အစည်းတွေကို တိုင်တန်းတာတွေ မလုပ်တော့ဘဲ သပိတ်တန်းမှောက်နေကြတာတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

Soundbite; ဦးနော်အောင် (ဒုတိယဥက္ကဋ္ဌ)
မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားများအဖွဲ့ချုပ်

မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများအဖွဲ့ချုပ်က ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဇွန်လအတွင်းက အလုပ်သမားတရားရုံးပေါ်ပေါက်ဖို့ အမျိုးသားအဆင့်ဖိုရမ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီဖိုရမ်မှာ အလုပ်သမားဝန်ကြီးဌာနအပါအဝင် အလုပ်သမား၊ အလုပ်ရှင်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီလို ဆွေးနွေးရာမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ အလုပ်သမားတရားရုံးတွေ အမြန်ဆုံး ထူထောင်နိ်ုင်ဖို့ လုပ်ဆောင်ပေးသွားမယ်လို့ ပြောကြားထား ခဲ့ပေမယ့် အခုချိန်ထိ တစ်စုံတစ်ရာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးတဲ့အခြေအနေမှာ ရှိနေသေးတာ ဖြစ်ပါတယ်။

Soundbite;ဦးနော်အောင် (ဒုတိယဥက္ကဋ္ဌ)
မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများအဖွဲ့ချုပ်

၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေပုဒ်မ ၅၃ အရ ဝန်ကြီးဌာနအနေနဲ့ အလုပ်သမားရေးရာ အငြင်းပွားမှုတွေကို စစ်ဆေးစီရင်ဖို့ အလုပ်သမားတရားရုံးတွေ ဖွဲ့စည်းတည် ထောင်နိုင်ရေးအတွက် ပြည်ထောင်စုတရားရုံးလွှတ်တော်ချုပ်နဲ့ ညှိနှိုင်းဆောင်ရွက်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြပါရှိပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)