ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အေမရိကန္ ဒုသမၼတ ေတြ႔ဆံု၊ ရခိုင္အေရးနဲ႔ စာနယ္ဇင္း လြတ္လပ္ခြင့္ ေဆြးေႏြး

1
646

စင္ကာပူႏိုင္ငံမွာ အာဆီယံ ထိပ္သီးအစည္းအေဝး တက္ေရာက္ေနတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အစည္းအေဝးကို အလြတ္သေဘာ တက္ေရာက္လာတဲ့ အေမရိကန္ ဒုတိယ သမၼတ မိုက္ခ္ ပန္႔စ္တို႔ ေတြ႔ဆံု ေဆြးေႏြးခဲ့ၾကပါတယ္။

ျမန္မာလံုၿခံဳေရးတပ္ဖြဲ႔ေတြ ဘဂၤါလီေတြကို ေျခမႈန္းမႈဟာ ခြင့္လႊတ္စရာ မရွိဘူးလို႔ ဒု သမၼတ မိုက္ခ္ ပန္႔စ္က ေျပာပါတယ္။ ပဋိပကၡျဖစ္ပြားမႈနဲ႔ ပတ္သက္လို႔ တာဝန္ယူမႈ၊ တာဝန္ခံမႈရွိေရး လုပ္ေဆာင္မႈေတြကို နားေထာင္ဖို႔ စိတ္လႈပ္ရွားမိေၾကာင္းလည္း ဒု သမၼတ ပန္႔စ္က ေျပာပါတယ္။

အစိုးရ လွ်ိဳ႕ဝွက္ခ်က္ ဥပေဒနဲ႔ ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ခံထားရတဲ့ Reuters သတင္းေထာက္ ႏွစ္ေယာက္ကို လႊတ္ေပးဖို႔လည္း ဒု သမၼတ ပန္႔စ္က တိုက္တြန္းခဲ့ပါတယ္။ သမၼတ အိမ္ျဖဴေတာ္ အဆင့္အျမင့္ဆံုး ပုဂၢိဳလ္က Reuters သတင္းေထာက္ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ကို လႊတ္ေပးေရး တိုက္တြန္းဖို႔ မွာၾကားလိုက္ေၾကာင္းကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆံုစဥ္ ဒု သမၼတ ပန္႔စ္က အႀကိမ္ႀကိမ္ ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ကလည္း ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတို႔ ေနရပ္ျပန္သူေတြ ျပန္ပို႔မယ့္ အစီအစဥ္ စတင္ေရး သေဘာတူညီခ်က္နဲ႔ ရခိုင္ျပည္နယ္ အေျခအေနေတြကို ဒု သမၼတ ပန္႔စ္အား ရွင္းျပခဲ့ပါတယ္။ ဒု သမၼတ ပန္႔စ္ကလည္း ျမန္မာႏိုင္ငံ ဒီမိုကေရစီ ကူးေျပာင္းမႈနဲ႔ ေနရပ္ျပန္သူေတြ အေရးမွာ အေမရိကန္ အေနနဲ႔ ဘာေတြ ကူညီေပးႏိုင္မလဲဆိုတာကို ေမးျမန္းခဲ့ပါတယ္။

ေတြ႔ဆံုေဆြးေႏြးမႈ မတိုင္ခင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ အေမရိကန္ ဒု သမၼတတို႔ ေျပာၾကားခ်က္ေတြကိုလည္း သမၼတ အိမ္ျဖဴေတာ္က သတင္းထုတ္ျပန္ထားပါတယ္။ အဲဒီထုတ္ျပန္ခ်က္မွာလည္း ဒု သမၼတ ပန္႔စ္က အခုေတြ႔ဆံုမႈဟာ သမိုင္းဝင္ျဖစ္ေၾကာင္းနဲ႔ ဘဂၤါလီ အေရး၊ စာနယ္ဇင္း လြတ္လပ္ခြင့္တို႔ကို ေျပာဆိုခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က တစ္ေယာက္မွာ အျမင္တစ္မ်ိဳးစီ ရွိေၾကာင္းနဲ႔ အဲဒီအျမင္ေတြကို ဖလွယ္ျခင္းအားျဖင့္ တစ္ဦးနဲ႔ တစ္ဦး နားလည္ေအာင္ လုပ္ဖို႔ လိုေၾကာင္း၊ ကိုယ့္ႏိုင္ငံအေၾကာင္းကို ကုိယ္က တျခားႏိုင္ငံေတြထက္ ပိုသိေၾကာင္း၊ အကူအညီ အေထာက္အပံ့ေပးမယ့္ မိတ္ေဆြေတြကို ႀကိဳဆိုေၾကာင္းနဲ႔ ျမန္မာႏိုင္ငံကို လံုၿခံဳတဲ့၊ ပိုၿပီးသာယာဝေျပာတဲ့ ႏိုင္ငံျဖစ္ေအာင္ ႀကိဳးပမ္းအားထုတ္ေနေၾကာင္း ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ဒုသမ္မတ တွေ့ဆုံ၊ ရခိုင်အရေးနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် ဆွေးနွေး

စင်ကာပူနိုင်ငံမှာ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစည်းအဝေးကို အလွတ်သဘော တက်ရောက်လာတဲ့ အမေရိကန် ဒုတိယ သမ္မတ မိုက်ခ် ပန့်စ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ဘင်္ဂါလီတွေကို ခြေမှုန်းမှုဟာ ခွင့်လွှတ်စရာ မရှိဘူးလို့ ဒု သမ္မတ မိုက်ခ် ပန့်စ်က ပြောပါတယ်။ ပဋိပက္ခဖြစ်ပွားမှုနဲ့ ပတ်သက်လို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေး လုပ်ဆောင်မှုတွေကို နားထောင်ဖို့ စိတ်လှုပ်ရှားမိကြောင်းလည်း ဒု သမ္မတ ပန့်စ်က ပြောပါတယ်။

အစိုးရ လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ Reuters သတင်းထောက် နှစ်ယောက်ကို လွှတ်ပေးဖို့လည်း ဒု သမ္မတ ပန့်စ်က တိုက်တွန်းခဲ့ပါတယ်။ သမ္မတ အိမ်ဖြူတော် အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်က Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို လွှတ်ပေးရေး တိုက်တွန်းဖို့ မှာကြားလိုက်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ဒု သမ္မတ ပန့်စ်က အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ နေရပ်ပြန်သူတွေ ပြန်ပို့မယ့် အစီအစဉ် စတင်ရေး သဘောတူညီချက်နဲ့ ရခိုင်ပြည်နယ် အခြေအနေတွေကို ဒု သမ္မတ ပန့်စ်အား ရှင်းပြခဲ့ပါတယ်။ ဒု သမ္မတ ပန့်စ်ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းမှုနဲ့ နေရပ်ပြန်သူတွေ အရေးမှာ အမေရိကန် အနေနဲ့ ဘာတွေ ကူညီပေးနိုင်မလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးမှု မတိုင်ခင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမေရိကန် ဒု သမ္မတတို့ ပြောကြားချက်တွေကိုလည်း သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ချက်မှာလည်း ဒု သမ္မတ ပန့်စ်က အခုတွေ့ဆုံမှုဟာ သမိုင်းဝင်ဖြစ်ကြောင်းနဲ့ ဘင်္ဂါလီ အရေး၊ စာနယ်ဇင်း လွတ်လပ်ခွင့်တို့ကို ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တစ်ယောက်မှာ အမြင်တစ်မျိုးစီ ရှိကြောင်းနဲ့ အဲဒီအမြင်တွေကို ဖလှယ်ခြင်းအားဖြင့် တစ်ဦးနဲ့ တစ်ဦး နားလည်အောင် လုပ်ဖို့ လိုကြောင်း၊ ကိုယ့်နိုင်ငံအကြောင်းကို ကိုယ်က တခြားနိုင်ငံတွေထက် ပိုသိကြောင်း၊ အကူအညီ အထောက်အပံ့ပေးမယ့် မိတ်ဆွေတွေကို ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံကို လုံခြုံတဲ့၊ ပိုပြီးသာယာဝပြောတဲ့ နိုင်ငံဖြစ်အောင် ကြိုးပမ်းအားထုတ်နေကြောင်း ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.