ျမန္မာႏိုင္ငံရွိ လူ ၁၀၀ မွာ ၁၁ ေယာက္ ဆီးခ်ိဳေသြးခ်ိဳေရာဂါ ျဖစ္ပြားေန

0
441

ျမန္မာႏိုင္ငံရွိ လူ ၁၀၀ မွာ ၁၁ ေယာက္ ဆီးခ်ိဳေသြးခ်ိဳေရာဂါျဖစ္ပြားေနတယ္လို႔ အစိုးရရဲ႕ တရား၀င္ ကိန္းဂဏန္းေတြ ေဖာ္ျပလာပါတယ္။ ၂၀၁၃-၁၄ ခုႏွစ္ သုေတသန စစ္တမ္းေတြအရ အသက္ ၂၅ ႏွစ္ကေန ၆၅ ႏွစ္ၾကားမွာ အမ်ားဆံုးျဖစ္ပြားေနတာပါ။

ဒါအျပင္ ျမန္မာႏိုင္ငံမွာ ဆီးနဲ႔ ေသြးကို မစစ္ေဆးၾကည့္ၾကတဲ့အတြက္ ဆီးခ်ိဳေသြးခ်ိဳေရာဂါ ျဖစ္ပြားေနမွန္း မသိတဲ့ လူေတြလည္း အမ်ားအျပား ရွိေနတယ္လို႔ အဲ့ဒီ စစ္တမ္းက ဆိုပါတယ္။ဒါေၾကာင့္ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ ဆီးခ်ိဳ ေသြးခ်ိဳကို စစ္ေဆးၾကည့္ၾကဖို႔ကိုလည္း အစိုးရက တိုက္တြန္းထားတာပါ။

ကမၻာေပၚမွာေတာ့ ၂၀၁၅ ခုႏွစ္ စာရင္းေတြအရ ဆီးခ်ိဳေသြးခ်ိဳေရာဂါ ေ၀ဒနာ ခံစားေနရသူ ၄၁၅ သန္းေလာက္ရွိေနၿပီး ၆ စကၠန္႔ကို တစ္ဦးႏႈန္း ဒီေရာဂါနဲ႔ ေသဆံုးေနရတာျဖစ္ပါတယ္။ လာမယ့္ ၂၀၄၀ ခုႏွစ္မွာေတာ့ ကမၻာေပၚမွာ ဆီးခ်ိဳေသြးခ်ိဳ ေရာဂါရွိသူ သန္း ၆၄၀ ေလာက္ရွိမယ္လို႔လည္း ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးက ခန္႔မွန္းထားတာပါ။

ႏို၀င္ဘာလ ၁၄ ရက္ေန႔ကိုေတာ့ “ကမၻာ့ဆီးခ်ိဳေသြးခ်ိဳေရာဂါ ကာကြယ္ထိန္းသိမ္းေရးေန႔” (World Diabetes Day) အျဖစ္ သတ္မွတ္ထားၿပီး ျမန္မာႏိုင္ငံမွာလည္း ဆီးခ်ိဳေသြးခ်ိဳေရာဂါ ကာကြယ္ေရး လႈပ္ရွားမႈေတြကို ျပဳလုပ္ဖို႔ ရွိေနတာျဖစ္ပါတယ္။
…………………… ။ ။ …………………

မြန်မာနိုင်ငံရှိ လူ ၁၀ဝ မှာ ၁၁ ယောက် ဆီးချိုသွေးချိုရောဂါဖြစ်ပွားနေ

မြန်မာနိုင်ငံရှိ လူ ၁၀ဝ မှာ ၁၁ ယောက် ဆီးချိုသွေးချိုရောဂါဖြစ်ပွားနေတယ်လို့ အစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေ ဖော်ပြလာပါတယ်။ ၂၀၁၃-၁၄ ခုနှစ် သုတေသန စစ်တမ်းတွေအရ အသက် ၂၅ နှစ်ကနေ ၆၅ နှစ်ကြားမှာ အများဆုံးဖြစ်ပွားနေတာပါ။

ဒါအပြင် မြန်မာနိုင်ငံမှာ ဆီးနဲ့ သွေးကို မစစ်ဆေးကြည့်ကြတဲ့အတွက် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနေမှန်း မသိတဲ့ လူတွေလည်း အများအပြား ရှိနေတယ်လို့ အဲ့ဒီ စစ်တမ်းက ဆိုပါတယ်။ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဆီးချို သွေးချိုကို စစ်ဆေးကြည့်ကြဖို့ကိုလည်း အစိုးရက တိုက်တွန်းထားတာပါ။

ကမ္ဘာပေါ်မှာတော့ ၂၀၁၅ ခုနှစ် စာရင်းတွေအရ ဆီးချိုသွေးချိုရောဂါ ဝေဒနာ ခံစားနေရသူ ၄၁၅ သန်းလောက်ရှိနေပြီး ၆ စက္ကန့်ကို တစ်ဦးနှုန်း ဒီရောဂါနဲ့ သေဆုံးနေရတာဖြစ်ပါတယ်။ လာမယ့် ၂၀၄၀ ခုနှစ်မှာတော့ ကမ္ဘာပေါ်မှာ ဆီးချိုသွေးချို ရောဂါရှိသူ သန်း ၆၄၀ လောက်ရှိမယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားတာပါ။

နိုဝင်ဘာလ ၁၄ ရက်နေ့ကိုတော့ “ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့” (World Diabetes Day) အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံမှာလည်း ဆီးချိုသွေးချိုရောဂါ ကာကွယ်ရေး လှုပ်ရှားမှုတွေကို ပြုလုပ်ဖို့ ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)