ေမာင္ေတာ မိုးစပါးေရာင္းရေငြေတြ လယ္ပိုင္ရွင္ေတြကို ျပန္ေပးမယ္

0
341

ရခိုင္ျပည္နယ္၊ ေမာင္ေတာေဒသမွာ ေနရပ္စြန္႔ခြာသူေတြရဲ႕ မိုးစပါးေတြကို အစိုးရက ရိတ္သိမ္းေျခြေလွ႔ၿပီး ေရာင္းခ်လို႔ရရွိတဲ့ ေငြေတြကို လယ္ပိုင္ရွင္ေတြ ျပန္ေရာက္လာရင္ ျပန္ေပးမယ္လို႔ သတင္းထုတ္ျပန္ေရး ေကာ္မတီက ထုတ္ျပန္လိုက္ပါတယ္။

စပါးေရာင္းရေငြေတြကို ဘဏ္မွာအပ္ထားၿပီး ေမာင္ေတာေဒသ ဖြံ႔ၿဖိဳးေရးအတြက္ ျပန္လည္ အသံုးခ်သြားမယ္လို႔ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပုက ေျပာခဲ့တာကို ၿပီးခဲ့တဲ့ရက္အတြင္းမွာ ေၾကးမံုသတင္းစာက ေဖာ္ျပခဲ့ပါတယ္။ အဲဒီအခ်က္ မဟုတ္မွန္ေၾကာင္း အခုလို သတင္းထုတ္ျပန္တာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔က ထိန္းသိမ္းေရး ေကာ္မတီဖြဲ႔စည္းၿပီး မိုးစပါးေတြကို ေအာက္တိုဘာ ၂၈ ကေန ႏိုဝင္ဘာ ၁၃ ရက္ေန႔အထိ ၁၇၁၄ ဧကေက်ာ္ ရိတ္သိမ္းေပးႏိုင္ကာ စပါးတင္းေပါင္း ၆၅၆၂၈ တင္း ထြက္ရွိပါတယ္။
………………….. ။ ။ ……………………
မောင်တော မိုးစပါးရောင်းရငွေတွေ လယ်ပိုင်ရှင်တွေကို ပြန်ပေးမယ်

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ နေရပ်စွန့်ခွာသူတွေရဲ့ မိုးစပါးတွေကို အစိုးရက ရိတ်သိမ်းခြွေလှေ့ပြီး ရောင်းချလို့ရရှိတဲ့ ငွေတွေကို လယ်ပိုင်ရှင်တွေ ပြန်ရောက်လာရင် ပြန်ပေးမယ်လို့ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

စပါးရောင်းရငွေတွေကို ဘဏ်မှာအပ်ထားပြီး မောင်တောဒေသ ဖွံ့ဖြိုးရေးအတွက် ပြန်လည် အသုံးချသွားမယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောခဲ့တာကို ပြီးခဲ့တဲ့ရက်အတွင်းမှာ ကြေးမုံသတင်းစာက ဖော်ပြခဲ့ပါတယ်။ အဲဒီအချက် မဟုတ်မှန်ကြောင်း အခုလို သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထိန်းသိမ်းရေး ကော်မတီဖွဲ့စည်းပြီး မိုးစပါးတွေကို အောက်တိုဘာ ၂၈ ကနေ နိုဝင်ဘာ ၁၃ ရက်နေ့အထိ ၁၇၁၄ ဧကကျော် ရိတ်သိမ်းပေးနိုင်ကာ စပါးတင်းပေါင်း ၆၅၆၂၈ တင်း ထွက်ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)