ဖုယြင္အထည္ခ်ဳပ္စက္႐ံု အလုပ္သမား ၂၅ ဦး အ႐ိုက္ခံရၿပီး ဒဏ္ရာရ

0
626

ရန္ကုန္တိုင္း၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ စက္မႈဇုန္ရွိ ဖုယြင္အထည္ခ်ဳပ္စက္႐ံု အလုပ္သမားသပိတ္ကုိ ဒီေန႔ ေအာက္တုိဘာလ ၁၅ ရက္ေန႔ မနက္ပိုင္းမွာ လူတစ္စုက အၾကမ္းဖက္႐ိုက္ႏွက္မႈေၾကာင္႔ ဆႏၵျပအလုပ္သမား ၂၅ ဦးခန္႔ ဒဏ္ရာရကာ စံျပေဆး႐ုံႀကီးမွာ တင္ထားရၿပီး ၄ ဦးက အေရးေပၚအေျခအေန ရွိတယ္လို႔ ဆႏၵျပ အလုပ္သမားေတြက ေျပာပါတယ္။

အခုလို အၾကမ္းဖက္ခံရမႈနဲ႔ပတ္သက္ၿပီး သပိတ္ေမွာက္ အလုပ္သမားေတြက ေန႔လယ္ ၃ နာရီက ဖုယြင္အလုပ္သမားေတြနဲ႔ အလုပ္သမားသမဂၢ အဖြဲ႔ခ်ဳပ္ေတြက ဆႏၵျပသပိတ္စခန္းမွာပဲ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ၿပီး ညေနပိုင္းမွာ ဒဂုံၿမိဳ႕နယ္ရဲစခန္းကို သြားေရာက္ အမႈဖြင့္တိုင္ၾကားမယ္လို႔လည္း ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမား ၂၅ ဦး အရိုက်ခံရပြီး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်ရှိ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်ကို ဒီနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ လူတစ်စုက အကြမ်းဖက်ရိုက်နှက်မှုကြောင့် ဆန္ဒပြအလုပ်သမား ၂၅ ဦးခန့် ဒဏ်ရာရကာ စံပြဆေးရုံကြီးမှာ တင်ထားရပြီး ၄ ဦးက အရေးပေါ်အခြေအနေ ရှိတယ်လို့ ဆန္ဒပြ အလုပ်သမားတွေက ပြောပါတယ်။

အခုလို အကြမ်းဖက်ခံရမှုနဲ့ပတ်သက်ပြီး သပိတ်မှောက် အလုပ်သမားတွေက နေ့လယ် ၃ နာရီက ဖုယွင်အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တွေက ဆန္ဒပြသပိတ်စခန်းမှာပဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာ ဒဂုံမြို့နယ်ရဲစခန်းကို သွားရောက် အမှုဖွင့်တိုင်ကြားမယ်လို့လည်း ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)