ျမန္မာရဲ႕ ႏိုင္ငံေရး၊ စီးပြားေရး အက်ပ္အတည္းေတြ ေျဖရွင္းေရး ဂ်ပန္ ကူညီမယ္

0
1276

လက္ရွိ ျမန္မာႏိုင္ငံမွာ ရင္ဆိုင္ေနရတဲ့ ႏိုင္ငံေရး၊ စီးပြားေရး အက်ပ္အတည္းေတြ၊ အခက္အခဲ၊ စိန္ေခၚမႈေတြကို ကူညီေျဖရွင္းေရးဟာ ဂ်ပန္အစိုးရရဲ႕ အဓိက ရပ္တည္ခ်က္ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး မစၥတာ အိခ်ိေရာ မာ႐ူယာမာက ေျပာပါတယ္။

 

ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈျဖစ္စဥ္မွာ အလြန္အေရးႀကီးတာေတြက ပထမအခ်က္က ႏိုင္ငံေရးတည္ၿငိမ္မႈ၊ ဒုတိယအခ်က္က စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ဖို႔၊ တတိယအခ်က္က ျပည္တြင္းၿငိမ္းခ်မ္းေရး ရဖို႔နဲ႔ ေနာက္ဆုံးတစ္ခ်က္ ႏိုင္ငံတကာက ျမန္မာႏိုင္ငံကို ျပင္းျပင္းထန္ထန္ ေဝဖန္ေနတဲ့ ရခိုင္ျပည္နယ္ အေရးကိစၥေတြ ျဖစ္ေၾကာင္း သံအမတ္ႀကီးက ေၾကးမံုသတင္းစာနဲ႔ အင္တာဗ်ဴးမွာ ေျပာပါတယ္။

အဲဒီစိန္ေခၚမႈေတြကို ေျဖရွင္းႏိုင္ရင္ ျမန္မာႏိုင္ငံရဲ႕ အနာဂတ္ဖြံ႕ၿဖိဳးမႈ ေကာင္းလာမွာျဖစ္ၿပီး ဒီႀကီးမားတဲ့ စိန္ေခၚမႈေလးခ်က္ကို ေျဖရွင္းႏိုင္ေအာင္ ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာျပည္သူလူထု၊ ျမန္မာအစိုးရနဲ႔ အတူပါဝင္ၿပီး ႀကိဳးစားဖို႔ျဖစ္ေၾကာင္းလည္း ဂ်ပန္သံအမတ္ႀကီးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာရဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ ဖြေရှင်းရေး ဂျပန် ကူညီမယ်

လက်ရှိ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ၊ အခက်အခဲ၊ စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းရေးဟာ ဂျပန်အစိုးရရဲ့ အဓိက ရပ်တည်ချက် ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချိရော မာရူယာမာက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ အလွန်အရေးကြီးတာတွေက ပထမအချက်က နိုင်ငံရေးတည်ငြိမ်မှု၊ ဒုတိယအချက်က စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ တတိယအချက်က ပြည်တွင်းငြိမ်းချမ်းရေး ရဖို့နဲ့ နောက်ဆုံးတစ်ချက် နိုင်ငံတကာက မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် ဝေဖန်နေတဲ့ ရခိုင်ပြည်နယ် အရေးကိစ္စတွေ ဖြစ်ကြောင်း သံအမတ်ကြီးက ကြေးမုံသတင်းစာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

အဲဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးမှု ကောင်းလာမှာဖြစ်ပြီး ဒီကြီးမားတဲ့ စိန်ခေါ်မှုလေးချက်ကို ဖြေရှင်းနိုင်အောင် ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူလူထု၊ မြန်မာအစိုးရနဲ့ အတူပါဝင်ပြီး ကြိုးစားဖို့ဖြစ်ကြောင်းလည်း ဂျပန်သံအမတ်ကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)