အစိုးရနဲ႔ NCA-SEAO ေခါင္းေဆာင္မ်ား သီးသန္႔အစည္းအေဝးမွာ ေဒၚေအာင္ဆန္းစုၾကည္ အခ်က္သံုးခ်က္ တင္ျပ

0
247

ေနျပည္ေတာ္ရွိ ေရႊစံအိမ္ဟိုတယ္မွာ က်င္းပတဲ့ အစိုးရနဲ႔ NCA-SEAO ေခါင္းေဆာင္မ်ား သီးသန္႔အစည္းအေဝးမွာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန ဥကၠ႒၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အဖြင့္မိန္႔ခြန္းမွာ အခ်က္သံုးခ်က္ တင္ျပခဲ့ပါတယ္။

ပထမအခ်က္က လိပ္ခဲတည္းလည္း ျဖစ္ေနတဲ့ ကိုယ္ပိုင္ျပ႒ာန္းခြင့္နဲ႔ ခြဲမထြက္ေရးကိစၥ ျဖစ္ပါတယ္။ ဒုတိယအခ်က္က အားလံုးလိုခ်င္တဲ့ ျပည္ေထာင္စုမ်ိဳးကို ပံုေဖာ္ဖို႔ ႏိုင္ငံေရး သေဘာတူညီခ်က္ေတြကို ယူရာမွာ လက္ေတြ႔က်က် တစ္ဆင့္ၿပီး တစ္ဆင့္ ေရွ႕ဆက္ဖို႔ ျဖစ္ပါတယ္။ တတိယအခ်က္ကေတာ့ ကိုယ္စားျပဳတဲ့ တိုင္းရင္းသားျပည္သူေတြနဲ႔ မ်က္ႏွာမူရမယ့္ လူထုေတြအတြက္ တာဝန္ယူမႈနဲ႔ တာဝန္ခံမႈ ျဖစ္ပါတယ္။

လက္ရွိမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ရဲ႕ နုိင္ငံေရးေဆြးေႏြးမႈ အဆင့္ဆင့္မွာ ျဖစ္ေပၚေနတဲ့ တစ္ဆုိ႔မႈေတြကုိ ေက်ာ္လႊားနုိင္ေရးအတြက္ အစုိးရ၊ လႊတ္ေတာ္၊ တပ္မေတာ္နဲ႔ တုိင္းရင္းသားလက္နက္ကုိင္ ေတာ္လွန္ေရး အဖြဲ႔အစညး္ေတြရဲ႕ ထိပ္သီးေခါင္းေဆာင္ေတြအၾကား အလြတ္သေဘာ ေတြ႔ဆုံေဆြးေႏြးမႈေတြ ကေနတဆင့္ ေဆြးေႏြးအေျဖရွာနုိင္ဖို႔ အခုလို သီးသန္႔အစည္းအေဝး က်င္းပတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစိုးရနဲ့ NCA-SEAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် အချက်သုံးချက် တင်ပြ

နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်မှာ ကျင်းပတဲ့ အစိုးရနဲ့ NCA-SEAO ခေါင်းဆောင်များ သီးသန့် အစည်းအဝေးမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်မိန့်ခွန်းမှာ အချက်သုံးချက် တင်ပြခဲ့ပါတယ်။

ပထမအချက်က လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမထွက်ရေးကိစ္စ ဖြစ်ပါတယ်။ ဒုတိယအချက်က အားလုံးလိုချင်တဲ့ ပြည်ထောင်စုမျိုးကို ပုံဖော်ဖို့ နိုင်ငံရေး သဘောတူညီချက်တွေကို ယူရာမှာ လက်တွေ့ကျကျ တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ဆက်ဖို့ ဖြစ်ပါတယ်။ တတိယအချက်ကတော့ ကိုယ်စားပြုတဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ မျက်နှာမူရမယ့် လူထုတွေအတွက် တာဝန်ယူမှုနဲ့ တာဝန်ခံမှု ဖြစ်ပါတယ်။

လက်ရှိမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ နိုင်ငံရေးဆွေးနွေးမှု အဆင့်ဆင့်မှာ ဖြစ်ပေါ်နေတဲ့ တစ်ဆို့မှုတွေကို ကျော်လွှားနိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစညး်တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေအကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ကနေတဆင့် ဆွေးနွေးအဖြေရှာနိုင်ဖို့ အခုလို သီးသန့်အစည်းအဝေး ကျင်းပတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)