ရွားပါး ဝံေၾကာင္ကို သတ္လို႔ ျမန္မာတစ္ဦး အဖမ္းခံရ

0
808

ထိုင္းႏိုင္ငံ၊ ကန္ခ်နဘူရီခ႐ိုင္ရွိ စိုင္ေယာ့ အမ်ိဳးသားဥယ်ာဥ္အတြင္း ညဘက္ အမဲလိုက္ၿပီး ရွားပါးတဲ့ ဝံေၾကာင္တစ္ေကာင္ကို သတ္ျဖတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံသားတစ္ဦးက ဝန္ခံလိုက္ပါတယ္။

ဘုန္းႀကီးေက်ာင္းမွာ ကပၸိယ လုပ္ေနတဲ့ ကရင္လူမ်ိဳး တာတာ ဆိုသူဟာ အႏုဆြန္ ႐ူအန္ငန္၊ ဆာကရန္ ကင္းလြန္ ဆိုသူ ထိုင္းႏွစ္ဦးနဲ႔အတူ ေအာက္တိုဘာ ၆ ရက္ေန႔ ညက အမ်ိဳးသားဥယ်ာဥ္ထဲမွာ ႐ိုင္ဖယ္တစ္လက္နဲ႔ အမဲလိုက္ခဲ့တာ ျဖစ္ၿပီး က်န္ႏွစ္ဦးကေတာ့ တိရစာၦန္ေတြကို သတ္ျဖတ္ျခင္း မရွိေပမယ့္ တာတာကေတာ့ ဝံေၾကာင္တစ္ေကာင္ကို သတ္ျဖတ္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီညက သူတို႔ဟာ တိရိစာၦန္မ်ားစြာကို ပစ္ခတ္ခဲ့ေပမယ့္ ထိမွန္ျခင္းမရွိဘဲ အႏုဆြန္က ျမင္လိုက္တဲ့ သစ္ပင္ေပၚက ဝံေၾကာင္းကို တာတာက ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာ ျဖစ္ပါတယ္။ တာတာနဲ႔ အႏုဆြန္ကို ဘန္ေကာက္ရွိ ရဲခ်ဳပ္႐ံုးမွာ ေခၚယူစစ္ေဆးၿပီးေနာက္ အႏုဆြန္က တာတာ ပစ္ခတ္ခဲ့ေၾကာင္း ထြက္ဆိုခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရှားပါး ဝံကြောင်ကို သတ်လို့ မြန်မာတစ်ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရှိ စိုင်ယော့ အမျိုးသားဥယျာဉ်အတွင်း ညဘက် အမဲလိုက်ပြီး ရှားပါးတဲ့ ဝံကြောင်တစ်ကောင်ကို သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံသားတစ်ဦးက ဝန်ခံလိုက်ပါတယ်။

ဘုန်းကြီးကျောင်းမှာ ကပ္ပိယ လုပ်နေတဲ့ ကရင်လူမျိုး တာတာ ဆိုသူဟာ အနုဆွန် ရူအန်ငန်၊ ဆာကရန် ကင်းလွန် ဆိုသူ ထိုင်းနှစ်ဦးနဲ့အတူ အောက်တိုဘာ ၆ ရက်နေ့ ညက အမျိုးသားဥယျာဉ်ထဲမှာ ရိုင်ဖယ်တစ်လက်နဲ့ အမဲလိုက်ခဲ့တာ ဖြစ်ပြီး ကျန်နှစ်ဦးကတော့ တိရစ္ဆာန်တွေကို သတ်ဖြတ်ခြင်း မရှိပေမယ့် တာတာကတော့ ဝံကြောင်တစ်ကောင်ကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီညက သူတို့ဟာ တိရိစ္ဆာန်များစွာကို ပစ်ခတ်ခဲ့ပေမယ့် ထိမှန်ခြင်းမရှိဘဲ အနုဆွန်က မြင်လိုက်တဲ့ သစ်ပင်ပေါ်က ဝံကြောင်းကို တာတာက သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ တာတာနဲ့ အနုဆွန်ကို ဘန်ကောက်ရှိ ရဲချုပ်ရုံးမှာ ခေါ်ယူစစ်ဆေးပြီးနောက် အနုဆွန်က တာတာ ပစ်ခတ်ခဲ့ကြောင်း ထွက်ဆိုချက်ပေးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)