ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) က သင်တန်းသားသစ်တွေခေါ်ယူ

0
309

ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ကနေ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် သင်တန်းသားသစ်တွေကို ခေါ်ယူလိုက်ပါတယ်။

Bachelor Of Accounting , Becahelor Of Public Administration , Bechelor of Development Studies နဲ့ Bachelor of Pupulation Studies စတဲ့ ၄ နှစ်တာ အချိန်ပြည့် သင်တန်းတွေအတွက် ဘာသာရပ် တစ်ခုအတွက် ကျောင်းသူ၊ ကျောင်းသား ၅၀ ဦးစီ ခေါ်ယူလိုက်တာပါ။

Hlaing-campus

လျှောက်ထားလိုသူတွေဟာ ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်းကို အမှတ်ပေါင်း ၄၅၀ နဲ့ အထက် ရရှိ ဖြေဆို အောင်မြင်ခဲ့သူတွေဖြစ်ရမယ်လို့လည်း အရည်အချင်းသတ်မှတ်ထားပါတယ်။

သင်တန်းကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမသတင်းပတ်မှာ စတင်ဖွင့်သွားမှာဖြစ်ပြီး ၀င်ခွင့်လျှောက်လွှာတွေကို အောက်တိုဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းသာရေးရာဌာန၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) မှာ တင်သွင်းကြရမှာပါ။

လျှောက်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေထဲက ၀င်ခွင့်ရရှိသူတွေရဲ့ အမည်စာရင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ (သထုံလမ်း) နဲ့ ရန်ကုန် စီးပွားရေးတက္ကသိုလ်တွေမှာ ကြေညာပေးထားမယ်လို့လည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်က သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)