စီးတီးမက်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း IFC က အမေရိကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံ

0
265

စီးတီးမက်ကို ကမ္ဘာ့ဘဏ်ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း IFC က အမေရိကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံဖို့ ရှိနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားကြပါတယ်။

ဒီလို ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ စီးတီးမက်ဟိုးလ်ဒင်းလီမိတက်ရဲ့ လုပ်ငန်းတွေ တိုးတက်လာစေဖို့နဲ့ နိုင်ငံအနှံအပြားမှာ စူပါမားကတ်နဲ့ ဟိုက်ပါမားကတ်တွေ ဆောက်လုပ်ဖို့ရှိနေတာပါ။

11205003_417476778413738_5655563954987906218_n

စူပါမားကတ်နဲ့ ဟိုက်ပါမားကတ်တွေကို ရန်ကုန်၊ မော်လမြိုင်၊ မုံရွာနဲ့ ပဲခူးမြို့တွေမှာ အဓိကထားပြီး တိုးချဲ့ ဆောက်လုပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ စီးတီးမက်ဟိုးလ်ဒင်းလီမိတက်ရဲ့ ပရောဂျက် ဒါရိုက်တာ မစ္စတာ ရော်နယ်လ်လီရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားတာဖြစ်ပါတယ်။

သူ့ရဲ့ ပြောဆိုချက်အရ ဒီလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တစ်နှစ်လောက် အချိန်ယူရအုန်းမှာဖြစ်ပြီးတော့ IFC ရဲ့ ချေးငွေအပြင် စီးတီးမက်ဟိုးလ်ဒင်းလီမိတက်ပိုင် ငွေကြေးတွေနဲ့ပါ လုပ်ငန်းတွေကို ချဲ့ထွင်နိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုထားတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)