NCA မှာ လက်မှတ်ထိုးသူတွေအားလုံး တာဝန်ယူ၊ တာဝန်ခံရမယ်လို့ နိုင်ငံတော်သမ္မတပြောကြား

0
341

NCA မှာ ပါဝင် လက်မှတ်ရေးထိုးသူတွေအားလုံး သမိုင်းရဲ့ အောင်မြင်မှု ကျဆုံးမှုတွေကို တာဝန်ယူ၊ တာဝန်ခံကြရလိမ့်မယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်ရှိ MICC 2 မှာ ကျင်းပပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ခုနဲ့ အစိုးရကြား တစ်နိုင်ငံလုံးအပစ်အခက်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုး ပွဲ အဖွင့် မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတက ပြောကြားလိုက်တာပါ။

12166148_1509896729333825_1775918845_n

ဒီမိန့်ခွန်းထဲမှာတော့ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း NCA သဘောတူ စာချုပ်ပါ နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်လာနိုင်တာနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်းမှာ ပါဝင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းကိုလည်း နိုင်ငံတော်သမ္မတ ပြောကြားလိုက်တာပါ။

ဒီလက်မှတ်ရေးထိုးပွဲမှာတော့ နိုင်ငံတော်သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းကောင်စီ (KNU/KNLA – PC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ တပ်မတော် (RCSS)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPနဲ့ ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) တို့က နိုင်ငံရေးပါတီအသီးသီးနဲ့ နိုင်ငံတကာ အသိသက်သေတွေရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) ၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် – ရှမ်းပြည်နယ် အရှေ့ပိုင်း (NDAA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ (NSCN-K) ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) စတဲ့ အဖွဲ့အစည်းတွေအပါအ၀င် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ကတော့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ငြင်းဆိုထားပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာတစ်နိုင်ငံလုံး စုစုပေါင်းလူဦးရေရဲ့ ၁၀ % ဟာ တိုက်ပွဲတွေဖြစ်ပွားရော ဒေသတွေမှာ နေထိုင်နေကြပြီး လူဦးရေ ၄၀ % ဟာ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ခံစားနေကြရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)