ဘဂၤါလီ အေရး ျမန္မာကို စြဲခ်က္တင္ဖို႔ ဥေရာပ သမဂၢ တြန္းအားေပး

0
294

ဘဂၤါလီ မြတ္စလင္ အေရးနဲ႔ပတ္သက္ၿပီး ျမန္မာကို စြဲခ်က္တင္ေရး ဆံုးျဖတ္ဖို႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီကို ဥေရာပသမဂၢက တြန္းအားေပးဖို႔ လုပ္ေနတယ္လို႔ ေပၚလတီကို သတင္းက ေဖာ္ျပပါတယ္။

လူမ်ိဳးတံုး သတ္ျဖတ္တဲ့ ပံုစံမ်ိဳး အေထာက္အထားရွိတယ္ဆိုတဲ့ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ရဲ႕ အစီရင္ခံစာ ထြက္ေပၚၿပီးေနာက္ မၾကာခင္ က်င္းပမယ့္ လူ႔အခြင့္အေရးေကာင္စီမွာ တြန္းအားေပးဖို႔ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ တာဝန္ရွိတဲ့ လံုၿခံဳေရး တပ္ဖြဲ႔အႀကီးအကဲေတြကို တရားဥပေဒနဲ႔အညီ အေရးယူဖို႔ ဥေရာပ သမဂၢရဲ႕ တိုက္တြန္းခ်က္ မူၾကမ္းမွာ ေဖာ္ျပထားပါတယ္။

ဥေရာပသမဂၢရဲ႕ ဆံုးျဖတ္ခ်က္ မူၾကမ္းမွာ ခ်ိဳးေဖာက္မႈေတြနဲ႔ ဆက္ႏြယ္တဲ့၊ ႏိုင္ငံတကာ လူ႔အခြင့္အေရး ဥပေဒကို ခ်ိဳးေဖာက္တဲ့ တာဝန္ရွိသူေတြကို လြတ္လပ္တဲ့ ႏိုင္ငံတကာ တရားဥပေဒကတစ္ဆင့္ တာဝန္ခံေရး ေသခ်ာေအာင္ လုပ္ေဆာင္ရမယ္လို႔လည္း ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ အရေး မြန်မာကို စွဲချက်တင်ဖို့ ဥရောပ သမဂ္ဂ တွန်းအားပေး

ဘင်္ဂါလီ မွတ်စလင် အရေးနဲ့ပတ်သက်ပြီး မြန်မာကို စွဲချက်တင်ရေး ဆုံးဖြတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဥရောပသမဂ္ဂက တွန်းအားပေးဖို့ လုပ်နေတယ်လို့ ပေါ်လတီကို သတင်းက ဖော်ပြပါတယ်။

လူမျိုးတုံး သတ်ဖြတ်တဲ့ ပုံစံမျိုး အထောက်အထားရှိတယ်ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် မကြာခင် ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီမှာ တွန်းအားပေးဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တာဝန်ရှိတဲ့ လုံခြုံရေး တပ်ဖွဲ့အကြီးအကဲတွေကို တရားဥပဒေနဲ့အညီ အရေးယူဖို့ ဥရောပ သမဂ္ဂရဲ့ တိုက်တွန်းချက် မူကြမ်းမှာ ဖော်ပြထားပါတယ်။

ဥရောပသမဂ္ဂရဲ့ ဆုံးဖြတ်ချက် မူကြမ်းမှာ ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်တဲ့၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်တဲ့ တာဝန်ရှိသူတွေကို လွတ်လပ်တဲ့ နိုင်ငံတကာ တရားဥပဒေကတစ်ဆင့် တာဝန်ခံရေး သေချာအောင် လုပ်ဆောင်ရမယ်လို့လည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)