ျမန္မာျပည္က ထြက္ေျပးလာတယ္ ဆိုတဲ့ မြတ္စလင္ ဒုကၡသည္ေတြကို ျပန္ပို႔ဖို႔ အိႏၵိယ စီစဥ္

0
311

႐ိုဟင္ဂ်ာလို႔ အမည္ခံထားတဲ့ ဒုကၡသည္ေတြဟာ ‘ႏိုင္ငံေတာ္လံုၿခံဳေရးကို ၿခိမ္းေျခာက္မႈ ရွိတယ္’ လို႔ အိႏၵိယ အစိုးရက ဗဟိုတရား႐ံုးကို တင္ျပလိုက္ၿပီး ေဝဖန္တားျမစ္မႈေတြ ရွိေပမယ့္ သူတို႔ကို ျပန္ပို႔ဖို႔ တြန္းအားေပးလိုက္ပါတယ္။

အဲဒီ အစၥလာမ္ ဒုကၡသည္ေတြကို ျပန္ပို႔မယ့္ ဝန္ႀကီးခ်ဳပ္ နရန္ဒရာ မိုဒီရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး လြန္ခဲ့တဲ့ ၆ ႏွစ္က ရခိုင္ျပည္နယ္ အေနာက္ပိုင္းရွိ ရြာတစ္ရြာကေန ထြက္ေျပးၿပီး ေဒလီမွာ လာေရာက္ခိုလံႈတဲ့ ႐ိုဟင္ဂ်ာ အမည္ခံသူ ႏွစ္ဦးကို ဗဟိုတရား႐ံုးက စစ္ေမးခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ ARSA အၾကမ္းဖက္မႈေတြေနာက္ပိုင္း မြတ္စလင္ေတြ ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးတာေတြ ျဖစ္ေနစဥ္မွာပဲ အိႏၵိယကလည္း မြတ္စလင္ ဒုကၡသည္ေတြကို ျပန္ပို႔ဖို႔ ဆံုးျဖတ္တာ ျဖစ္ပါတယ္။

အိႏၵိယမွာ ႐ိုဟင္ဂ်ာ အမည္ခံ မြတ္စလင္ ၄ ေသာင္းရွိၿပီး သူတို႔ထဲက ၁ ေသာင္းခြဲဟာ ဒုကၡသည္ လက္မွတ္ရွိတယ္လို႔ ကုလသမဂၢ ထုတ္ျပန္ခ်က္အရ သိရေပမယ့္ အိႏၵိယအစိုးရက သူတို႔အကုန္လံုးကို ျပန္ပို႔ခ်င္တာ ျဖစ္ပါတယ္။
……………………………..။ ။ ……………………………

မြန်မာပြည်က ထွက်ပြေးလာတယ် ဆိုတဲ့ မွတ်စလင် ဒုက္ခသည်တွေကို ပြန်ပို့ဖို့ အိန္ဒိယ စီစဉ်

ရိုဟင်ဂျာလို့ အမည်ခံထားတဲ့ ဒုက္ခသည်တွေဟာ ‘နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှု ရှိတယ်’ လို့ အိန္ဒိယ အစိုးရက ဗဟိုတရားရုံးကို တင်ပြလိုက်ပြီး ဝေဖန်တားမြစ်မှုတွေ ရှိပေမယ့် သူတို့ကို ပြန်ပို့ဖို့ တွန်းအားပေးလိုက်ပါတယ်။

အဲဒီ အစ္စလာမ် ဒုက္ခသည်တွေကို ပြန်ပို့မယ့် ဝန်ကြီးချုပ် နရန်ဒရာ မိုဒီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၆ နှစ်က ရခိုင်ပြည်နယ် အနောက်ပိုင်းရှိ ရွာတစ်ရွာကနေ ထွက်ပြေးပြီး ဒေလီမှာ လာရောက်ခိုလှုံတဲ့ ရိုဟင်ဂျာ အမည်ခံသူ နှစ်ဦးကို ဗဟိုတရားရုံးက စစ်မေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်မှုတွေနောက်ပိုင်း မွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတာတွေ ဖြစ်နေစဉ်မှာပဲ အိန္ဒိယကလည်း မွတ်စလင် ဒုက္ခသည်တွေကို ပြန်ပို့ဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

အိန္ဒိယမှာ ရိုဟင်ဂျာ အမည်ခံ မွတ်စလင် ၄ သောင်းရှိပြီး သူတို့ထဲက ၁ သောင်းခွဲဟာ ဒုက္ခသည် လက်မှတ်ရှိတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရပေမယ့် အိန္ဒိယအစိုးရက သူတို့အကုန်လုံးကို ပြန်ပို့ချင်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)