လူ့အခွင့်အရေးချိူးဖောက်မှုတွေကို ကာကွယ်ဖို့နဲ့ အမှန်တရား ပေါ်ပေါက်ရေး အဓိကဆောင်ရွက်မယ်

0
465

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ၊ ခြိမ်းခြောက်ခံရသူတွေကို အကာအကွယ်ပေးနိုင်ဖို့နဲ့ အမှန်တရား ပေါ်ပေါက်ရေးတွေကို အဓိက ဆောင်ရွက်သွားမယ်လို့   မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် ဖြစ်လာတဲ့ Thomas Andrews က ပြောကြားလိုက်ပါတယ်။

မစ္စယန်ဟီးလီရဲ့နေရာမှာ တာဝန်ပေးအပ်ခံခဲ့ရတဲ့ အထူးကိုယ်စားလှယ်သစ် Mr. Andrews က ဇူလိုင်လ ၁၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၄ ကြိမ်မြောက် အစည်းအဝေးမှာ ပထမဆုံးအနေနဲ့ သူ့ရဲ့ အစီရင်ခံစာကို အင်တာနက် ဗွီဒီယိုက တဆင့် တင်သွင်းရာမှာ အဲ့ဒီလို ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် ဖြစ်လာတဲ့ Thomas Andrews

သူ့အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် အပြည့်အဝ လုပ်ဆောင်မယ်ဆိုတဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ချမှတ်ထားပြီး ကိုယ့်ကိုကိုယ် နှိမ့်ချမှုနဲ့အတူ ယုံကြည်ချက်နဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ အပြန်အလှန် ဆက်ဆံရေးတွေကို အဓိကအရေးကြီးဆုံးအဖြစ် သတ်မှတ်ဆောင်ရွက်သွားမယ်လို့လည်း သူက ပြောပါတယ်။ 

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ကိုယ့်ရဲ့ အနေအထားကို နိုင်ငံတကာက နားလည်လာဖို့ဆိုရင် တံခါးတွေ ဖွင့်ထားဖို့နဲ့ ဝေဖန် စိန်ခေါ်နေသူတွေကိုလည်း ဖွင့်ထားပေးတာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့လည်း ပြောကြားခဲ့တာပါ။

အလားတူ မြန်မာကို နိုင်ငံတကာက နားလည်ဖို့ဆိုရင် စကားလုံးတွေထက် လက်တွေ့ အလုပ်နဲ့ သက်သေပြတာက ပိုပြီး ထိရောက်မှုရှိမယ်လို့လည်း မြန်မာအစိုးရ တာဝန်ရှိသူတွေကို  ပြီးခဲ့တဲ့ လပိုင်းတွေက မြန်မာနိုင်ငံကို ရောက်ရှိခဲ့စဉ်က သူ့အနေနဲ့ အကြံပြုခဲ့တယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၄၄ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တင်သွင်းမှုအပြင် ဆွေးနွေးမှုတွေကို ဇူလိုင်လ ၁၃-၁၄ ရက်နေ့ ထိ နှစ်ရက်ကြာပြုလုပ်ခဲ့တာပါ။ 

အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေအပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေရဲ့  ကိုယ်စားလှယ်တွေလည်း ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)