မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ကျပ် သန်း ၅၀၀ ထပ်လွှဲ

0
293

စာရင်း ပျောက်နေတဲ့ ရေနံလက်ယက်တွင်း ရန်ပုံငွေ ကျပ် ၃ ဘီလီယံ ပြန်ပေးမယ်လို့ ကတိပြုတားတဲ့ အနက် ကျပ်သန်း ၅၀၀ ကို မနေ့က ဇွန်လ ၁၄ ရက်နေ့က မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ထပ်လွှဲပေးလိုက်ပါတယ်။

ပြန်ပေးငွေ စုစုပေါင်း ကျပ် ၁ ဒသမ ၈ ဘီလီယံ ရှိသွားပြီ ဖြစ်ပြီး ကျန်နေသေးတဲ့ ငွေကို ဇူလိုင်လကုန်မှာ အပြီးပေးအပ်ရမှာ ဖြစ်ပါတယ်။

မကွေးတိုင်းအစိုးရအဖွဲ့ အာဏာလွှဲပြောင်းယူစဉ်မှာ အရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဥက္ကဋ္ဌ၊ တိုင်းအစိုးရ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ရေနံလက်ယက်တွင်း ရန်ပုံငွေတွေကို လွှဲမပေးဘဲ ငွေကျပ် သန်း ၇ ထောင်ကျော် စာရင်းပျောက်နေခဲ့တာ ဖြစ်ပါတယ်။

ဒီ ရန်ပုံငွေ ပျောက်ဆုံးမှုကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စသုံးလုံး) နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)