မြန်မာက မှာယူတဲ့ ဘက်စုံသုံး တိုက်လေယာဉ် တရုတ်မှာ စမ်းသပ်ပျံသန်း

0
305

ပါကစ္စတန်နဲ့ တရုတ်တို့ ပူးတွဲထုတ်လုပ်တဲ့ မြန်မာ့လေတပ်အတွက် ဘက်စုံသုံး တိုက်လေယာဉ်ကို စမ်းသပ် ပျံသန်းခဲ့ပါတယ်။

Pakistan Aeronautical Complex/Chengdu Aircraft Industry Corporation (PAC/CAC) က မြန်မာ့လေတပ်က မှာယူတဲ့အတွက် ထုတ်လုပ်ပေးတဲ့ ပထမဆုံး ဘက်စုံသုံး တိုက်လေယာဉ် Thunder/FC-1 Xiaolong ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ချန်ဒူးမှာ စမ်းသပ်ပျံသန်းနေတဲ့ အဲဒီပုံဟာ တရုတ်အွန်လိုင်း ဖိုရမ်တစ်ခုမှာ ဇွန်လ ၁၃ ရက်နေ့က ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြန်မာ့လေတပ်က အမေရိကန် ဒေါ်လာ ၁၆ သန်းကုန်ကျမယ့် အဲဒီအမျိုးအစား လေယာဉ် ၁၆ စင်း ဝယ်ယူဖို့ စာချုပ်ချုပ်ထားတယ်လို့ ကာကွယ်ရေးစာစောင်ဖြစ်တဲ့ ဂျန်းစ်က သံတမန်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)