ဖေ့စ်ဘုတ်မှာ လူပြောများတဲ့ ‘မတင်ညွန့်’ ကို အမှုဖွင့်

0
412

လူမှုကွန်ရက် Facebook မှာ မကြာသေးခင် ရက်အတွင်းက ‘မတင်ညွန့်’ ဆိုပြီး လူပြောများသွားခဲ့တဲ့ ဒေါ်တင်ညွန့်ကို ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်း ရဲစခန်းမှာ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။

မတင်ညွန့်က ဆဲဆိုပြီး မဖွယ်မရာ ပြုလုပ်လို့ တရွာတည်းနေ နွားကျောင်းသား ကိုဝင်းအေးက အမှုဖွင့် တိုင်ကြားတာ ဖြစ်တယ်လို့ ကညွတ်ကွင်း ရဲစခန်းကို ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

စပါးခင်းထဲ နွားဝင်ကျောင်းတာကနေ နှစ်ဖက် အချင်းများခဲ့ကြတာ ဖြစ်ပါတယ်။

ဒေါ်တင်ညွန့်က ရှက်လို့ တောထဲကနေ ပြန်မလာကြောင်းနဲ့ သူ့မိခင်ဟာ ချော်လဲတာကို ဖုန်းနဲ့ရိုက်ပြီး ဖေ့စ်ဘုတ် တင်ခဲ့တာ ဖြစ်တယ်လို့ ဒေါ်တင်ညွန့်ရဲ့ သားဖြစ်သူက ကြေးမုံသတင်းစာမှာ ဖြေရှင်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)