တောင်ဆင်ရိုင်းတစ်ကောင် အဆိပ်လူးမြားမှန်ပြီး သေဆုံး

0
256

ဧရာဝတီတိုင်း၊ မဒေါ့ကုန်းကျေးရွာ၊ ချောင်းသာ သစ်တောကြိုးဝိုင်းရှိ ကြက်တူရွေးချောင်းဖျားအနီးမှာ ဆင်တစ်ကောင် အဆိပ်မြားဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြပါတယ်။

ပုသိမ်မြို့ တောအုပ်ကြီးနဲ့ အဖွဲ့၊ ဆင်ဆရာဝန် ဦးသန်းညွန့်ဦးတို့ အဖွဲ့က သွားရောက် စစ်ဆေးရာမှာ ဆင်က ဟိုင်းဆင်အမျိုးအစား ဆင်ထီး ဖြစ်ပြီး အသက် ၁၅ နှစ်ကနေ ၃၀ အတွင်းရှိ ဆင်ရိုင်းဖြစ်ကြောင်း သိရှိခဲ့ကြပါတယ်။

ဘယ်နဲ့ ညာပါးပြင်၊ ညာလက်မောင်းတို့မှာ အဆိပ်လူးမြားဒဏ်ရာတွေနဲ့ အဆိပ်မိသေဆုံးတာ ဖြစ်တယ်လို့ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)