ထားဝယ်မြို့ရှိ ယွန်းဘုရား ဘုန်းတော်ကြီးကျောင်း နှစ်ထပ် ကျောင်းဆောင် မီးလောင်

0
286

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာရှိ ယွန်းဘုရား ဘုန်းတော်ကြီးကျောင်းအတွင်း မီးပလပ်ခုံ ရှော့ဖြစ်ရာက နှစ်ထပ် ကျောင်းဆောင် ၁ လုံး မီးလောင်သွားတယ်။

ဒီနေ့ ဇွန်လ ၁၅ ရက်နေ့ မနက် ၆ နာရီမှာ ကျောင်းဆောင် အပေါ်ထပ် ဘုရားခန်းအနီး မီးပလပ်ခုံက ရှော့ဖြစ်ပြီး လောင်ကျွမ်းတာလို့ တိုင်းမီးသတ်ဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးအောင်မြင့်ထွေးက ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦး၊ အရန်မီးသတ် ၅၀၊ မီးသတ်ယာဉ် ၆ စီးနဲ့ ရွာခံ အင်အား ၂၀၀ က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ဆုံးရှုံးမှုကတော့ ကျပ် ၁၁၆ သိန်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)