အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေကို ကျပ် သိန်း ၁ ထောင်အထိ ထုတ်ချေးမယ်

0
284

အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေကို တစ်ဦးလျှင် အများဆုံး ကျပ်သိန်း ၁ ထောင် အထိ ချေးငွေ ထုတ်ပေးမယ်လို့ စက်မှုဝန်ကြီး ဦးခင်မောင်ချိုက ပြောပါတယ်။

ဂျာမနီ နိုင်ငံက KFW ဖွံ့ဖြိုးရေးဘဏ်နဲ့ သမဝါယမ (CB) ဘဏ်တို့ ပူးပေါင်းပြီး အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေကို လာမယ့် သြဂုတ်လက စပြီး ချေးငွေ ထုတ်ချေးမှာ ဖြစ်တယ်လို့ မနေ့က ဇွန်လ ၁၄ ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဝန်ကြီး ဦးခင်မောင်ချိုက ပြောသွားတာ ဖြစ်ပါတယ်။

ချေးငွေအတွက် အပေါင်ပစ္စည်း ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ လုပ်ငန်းခိုင်မာမှု ရှိရင် ထုတ်ချေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)