ပုံမှန်ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေကို ပြန်စတင်တော့မယ်

0
152

COVID-19 ရောဂါဖြစ်ပွားချိန်မှာ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်တွေ ရပ်နားထားမှုကို မေလ ၁၈ ရက်နေ့မှာ ပြန်လည်စတင်သွားမယ်လို့ ဒီကနေ့ မေလ ၁၅ ရက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မေလ ၁၈ ရက်နေ့က စတင်ပြီး ဗဟိုအဆင့်၊ ခရိုင်အဆင့် ဆေးရုံတွေ၊ ဇွန်လ ၁ ရက်နေ့မှာ မြို့နယ်အဆင့်အောက် တိုက်နယ်၊ မိခင်ကလေး၊ ဒေသန္တရ၊ မြို့မ၊ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲတွေမှာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေး လာရောက်ထိုးနှံမယ့် မိဘအုပ်ထိန်းသူတွေ အနေနဲ့ ရည်မှန်းကလေးငယ်တွေ အားလုံး တစ်ယောက် မကျန် ကာကွယ်ဆေးတွေ အပြည့်အဝ ရရှိစေဖို့နဲ့ လူစုလူဝေး မဖြစ်ဘဲ ဘေးအန္တရယ်ကင်းစွာ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးနိုင်ဖို့ ညွှန်ကြားချက်တွေကို လိုက်နာပြီး ကာကွယ်ဆေးထိုး စုရပ်တွေကို လာရောက်ကြဖို့အတွက် ကြေညာထားပါတယ်။

_________________

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)