ရွေးကောက်ပွဲကော်မရှင်က သတင်းအမှားဖော်ပြတဲ့ ဂျာနယ်ကို အရေးယူပေးဖို့ တောင်းဆို

0
387

ကြံ့ခိုင်ရေးပါတီကို ရွေးကောက်ပွဲကော်မရှင် က စစ်ဆေးမယ်လို့ သတင်းအမှားထုတ်ပြန်တဲ့ နယူးဖဒရယ်တိုင်မ်း ဂျာနယ်ကို အရေးယူဖို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးက အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။

နယူးဖက်ဒရယ်တိုင်းမ်းဂျာနယ် ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မေလ ၁၄ ရက်နေ့ က ထုတ်လွင့်ခဲ့တဲ့ သတင်းနဲ့ ပက်သက်ပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီ သတင်းထုတ်လွှင့်မှုမှာ နယူးဖဒရယ်တိုင်းမ် ဂျာနယ်က ရွေးကောက်ပွဲကော်ရှင် အတွင်းရေးမှူး ဦးတင်ထွန်း ကို မေးမြန်းရေးသားခဲ့တယ်လို့ ဖော်ပြချက်က မှားယွင်းခဲ့ပြီး သတင်းမှာ ပါရှိတဲ့ အကြောင်းအရာတွေကို ဆက်သွယ်မေးမြန်းတာမရှိသလို ဖြေကြားမှုတစ်စုံတရာလည်း မရှိခဲ့ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီသတင်းဖော်ပြချက်မှာ အရင်အစိုးရလက်ထက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ တွေရဲ့  ရန်ပုံငွေအလွဲသုံးစားပြုလုပ်မှုတွေအတွက် ကြံ့ခိုင်ရေးပါတီကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ခုံရုံးတင် စစ်ဆေးတော့မှာဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)