ညဈေးတန်းမှာ အမှန်တကယ်ရောင်းချမှုမရှိတဲ့ ဆိုင်ခန်းတွေ အခုလအတွင်း ပြန်လည် သိမ်းယူဖို့ရှိ

0
359

ရန်ကုန်မြို့ ကမ်းနားလမ်းမှာဖွင့်လှစ်ထားတဲ့ ညဈေးတန်း ဆိုင်ခန်းနေရာတွေကို  သန့်ရှင်းရေး၊ ရေဝန်ဆောင်ခ၊ လျှပ်စစ်မီးသုံးခ စတဲ့အခကြေးငွေတွေ မပေးသွင်းဘဲ ဆိုင်ခန်းမဖွင့်တဲ့နေရာတွေကို မြို့တော်စည်ပင် က ပြန်လည်ပိတ် သိမ်းဖို့ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာ မှာ ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ က ညဈေးတန်း စတင် ဖွင့်လှစ်ချိန်မှာ ရန်ကုန်မြို့ရဲ့  မြို့နယ်လေးခုအတွင်း      လမ်းဘေးနေရာတွေမှာ ဈေးရောင်းနေတဲ့ ဈေးသည်ပေါင်း ၆ဝဝဝ ကျော်ထဲက သစ်သီးဆိုင်နဲ့ စားသောက်ဆိုင်ပေါင်း ၁၆ဝဝ ဝန်းကျင်ကို နေရာချ ရောင်းချခွင့်ပေးခဲ့တာပါ။

စတင် ဖွင့်လှစ်ချိန်က ဈေးသည်ပေါင်း ၁၈ဝဝ ဝန်းကျင် ကို တရားဝင်ဈေးရောင်းချခွင့် ကတ်ပြားတွေ ထုတ်ပေးခဲ့ပေမယ့် လက်ရှိအချိန်မှာ ဈေးသည် ၁ဝဝဝ ခန့်သာ ရောင်းချနေကြပြီး ကျန်တဲ့ဈေးသည်တွေက ရောင်းချမှုမရှိဘူးလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို အမှန်တကယ် မရောင်းချတဲ့ ဈေးဆိုင်နေရာတွေကို ဧပြီ ၂၈ ရက် နောက်ဆုံးထား ဖွင့်လှစ်ရောင်းချဖို့ စတင်အသိပေး အကြောင်းကြားထားပြီးနောက် လူမှုရေးငဲ့ညှာသောအားဖြင့် မေ ၁ဝ ရက် အထိ ထပ်မံတိုးမြှင့်သတ်မှတ်ပေးခဲ့ကာ မေ ၁ဝ ရက်မှာလည်း မေ ၁၇ ရက်အထိ ဆိုင်ဖွင့်ရက်ကို တိုးမြှင့်သတ်မှတ်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)