စက်သုံးဆီဖြန့်ဖြူးရောင်းချမှုကို နိုင်ငံခြားသားတွေရင်းနှီးမြုပ်နှံခွင့်အတွက် စားသုံးသူကာကွယ်ရေး အသင်းက ကြိုဆို

0
342

 မြန်မာနိုင်ငံ စာသုံးသူကြိုတင်ကာကွယ်ရေးအသင်းကနေ စက်သုံးဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်း မှာ နိုင်ငံခြားသားတွေ ရင်းနှီးမြုပ်နှံခွင့်ကို မြန်မာနိုင်ငံရင်နှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုထားတဲ့အပေါ်  ၀မ်းသာကြို ဆိုကြောင်း ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း စက်သုံးဆီဈေးနှုန်းမြင့်မားနေမှုကို စက်ဆီဖြန့်ဖြူး ရောင်းချမှုလုပ်ကိုင်နေသူတွေ က ထိန်းချုပ်ကိုင်တွယ်ပေးဖို့နဲ့ စက်သုံးဆီနဲ့ လောင်စာဆီဈေးနှုန်းမြင့်မားနေမှု ဟာ စားသုံးသူတွေရဲ့ အခွင့်အရေးကို ထိခိုင်စေကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ အခုလိုထည့်သွင်း ပြောကြားခဲ့တာပါ။

နိုင်ငံတကာ လောင်စာဈေးနှုန်း မြင့်မားခဲ့စဉ်က မြန်မာနိုင်ငံ က စက်သုံးဆီဈေးနှုန်းတွေ ဟာ ကျပ်ငွေ ၇၀၀ ကျော်ကို မြင့်တက်ခဲ့ပြီး နိုင်ငံတကာမှာ ဈေးနှုန်းပြန်လည်ကျဆင်းလာပေမယ့် မြန်မာနိုင်ငံ တွင်းက စက်သုံးဆီဈေးနှုန်းတွေကတော့ မြင့်မားနေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)