ငြိမ်းချမ်းရေးမရမချင်း ဖွဲ့စည်းပုံမပြင်တော့ဘူးဆိုတာ ကိုယ့်ခြေထောက်ကိုကိုယ် ကြိုးနဲ့ချည်တာပဲ ဖြစ်

0
450

ငြိမ်းချမ်းရေးမရမချင်း ဖွဲ့စည်းပုံမပြင်တော့ဘူးဆိုတာ ကိုယ့်ခြေထောက်ကိုကိုယ် ကြိုးနဲ့ချည်တာပဲ ဖြစ်တယ်လို့ NLD အစိုးရကို ဦးကိုကိုကြီးက ဝေဖန် ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ- ကေသွယ်

အစိုးရသစ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာလုပ်နိုင်တဲ့ နည်းလမ်းပေါင်းစုံရှိနေပေမယ့် ဘယ်ဟာ ဦးစားပေး ၊ ဘယ်အပိုဒ်ကို စပြင်ရမလဲ ဘယ်အချိန်မှာ ဘယ်ဟာကို စတင်ရမလဲ အဲဒါအရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်လို့ ဦးကိုကိုကြီးက ပြောကြားလိုက်ပါတယ်။

မေလ ၁၄ ရက်နေ့ က ပြုလုပ်တဲ့ မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရဲ့ ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး အပါအ၀င် ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးရဲထွဋ် ၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် တို့က ဦးဆောင်ဆွေးနွေးခဲ့ တာဖြစ်ပြီး ဦးကိုကို (စက်မှုတက္ကသိုလ် ) က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ကပြင်ဆင်ရန် လွယ်ကူတဲ့ အချက်တွေကို အရင်ဆုံးပြင်ဆင်ဖို့နဲ့ လက်တွေ့ကျတဲ့ ပုဒ်မတွေကို အရင်ဆုံးပြင် ဆင်သင့်တယ်လို့ သုံးသပ်ပြောကြား လိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးအားကောင်းရုံသာမက တိုင်းရင်းသားအရေးကို သေချာစဉ်းစားပြီးမှ ပြင်ဆင်ဖို့လိုအပ်တယ်လို့လည်း အားလုံးက သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)