စစ်တပ်က သိမ်းဆည်းထားတဲ့မြေတွေ မူလပိုင်ရှင်တွေကို ယာယီ လုပ်ကိုင်ခွင့်ပြု

0
263

ဒုသမ္မတ ဦးဟင်နရီဗန်ထရီးယူဟာ ဒီကနေ့ မတ်လ(၁၅)ရက်နေ့ နေ့လယ်ပိုင်းမှာ ပြန်လည်စွန့်လွှတ်မြေတွေကို မူလပိုင်ရှင်တောင်သူတွေဆီကို ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ပေးအပ်ပွဲနဲ့ ကန့်ဘလူမြို့ကို ရောက်ရှိလာ တာလည်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်က တပ်သိမ်းခံတောင်သူတွေဟာ ဒုသမ္မတ ဦးဟင်နရီဗန်ထရီးယူနဲ့ တွ့ဆုံခွင့်မရဘူးလို့
ပြောပါတယ်။

တပ်သိမ်းခံတောင်သူ (၂၀၀)ကျော်လောက်ဟာ စစ်တပ်ကသိမ်းဆည်းထားတဲ့ မြေယာတွေနဲ့ပက်သက်ပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထရီးယူကို တင်ပြဖို့ နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ပေမယ့် တွေ့ခွင့်မပေးတာကြောင့် မတွေ့လိုက်ရဘူးလို့လည်း ဆိုပါတယ်။

ပြန်လည်စွန့်လွှတ်မြေ စုစုပေါင်း (၃၈၈၁)ဧကကို မူလပိုင်ရှင် တောင်သူတွေဆီကို ယာယီလုပ်ပိုင်ခွင့်ပြုလိုက် တာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)