အဂတိလိုက်စားမှုကြောင့် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဆိုးကျိုးတွေ ဖြစ်နေကြောင်း သမ္မတ ပြောကြား

0
279

အဂတိလိုက်စားမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် ဆိုးကျိုးတွေဖြစ်နေတာလို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော် သံတမန်ဧည့်ခန်းမဆောင်မှာ စင်္ကာပူနိုင်ငံက ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာဂိုချောက်ထောင်နဲ့ တွေ့ဆုံစဉ်မှာ အဲဒီလိုပြောကြားလိုက်တာပါ။

ဒါ့အပြင် နိုင်ငံတော်သမ္မတဦးထင်ကျော်က ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းတွေကနေတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိစေဖို့အတွက် ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရေး၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း အရေးပါနေတဲ့ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်စေရေး၊ လုပ်ငန်းသုံး လျှပ်စစ်မီတာသုံးစွဲရာမှာ သုံးစွဲတဲ့ ပမာဏအလိုက် မှန်ကန်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ ပုဂ္ဂလိက လုပ်ငန်းရှင်များရဲ့ အရေးပါတဲ့အခန်းကဏ္ဍ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ အခွန်အခတိမ်းရှောင်မှုတွေဟာဆိုရင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ ဆိုးကျိုးတွေဖြစ်နေတာလို့လည်း ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)