ပြည်တွင်းရေကြောင်း ခရီးစဉ်မှာ အသုံးပြုဖို့ ဂျပန်နိုင်ငံက ပေးပို့တဲ့ ရေယာဉ် (၁) စီးရောက်ရှိ

0
303

ရခိုင်ပြည်နယ်ရဲ့ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ခရီးစဉ်တွေမှာ အသုံးပြုနိုင်ရန်အတွက် ဂျပန်နိုင်ငံက ထောက်ပံ့ ပေးအပ်တဲ့ ရေယာဉ်(၂)စီး အနက် ပထမအကြိမ်အဖြစ် ယန်း (၂၆၇.၃၀၀) သန်း တန်ဖိုးရှိတဲ့ ကစ္ဆပနဒီ (၁)ရေယာဉ်ဟာ ကျောက်ဖြူ ဆိပ်ကမ်းကို မတ်လ ၁၄ ရက် နေ့က ရောက်ရှိခဲ့ပါတယ်။

ကစ္ဆပနဒီ (၁) ရေယာဉ်ကို မောင်းနှင်မယ့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲမှ ၀န်ထမ်းများကို ကျောက်ဖြူမြို့ ငလပွေ့ဆိပ်ကမ်းမှာ ငါးရက်ကြာ လေ့ကျင့်သင်ကြားပေးပြီး စစ်တွေမြို့ကို မောင်းနှင် သယ်ဆောင်ကြမှာပဲဖြစ်ပါတယ်။

အလျူမီနီယမ်ကိုယ်ထည်နဲ့ တည်ဆောက်ထားတဲ့ ကစ္ဆပနဒီ (၁)ရေယာဉ်ဟာ အလျား (၂၉.၉၀ )မီတာ၊ ရေစူး (၁.၆) မီတာရှိပါတယ်။ ခရီးသည် (၁၄၅) ဦး သယ်ဆောင်နိုင်ပြီး တစ်နာရီရေမိုင် (၂၀) မောင်းနှင်နိုင်တဲ့ ရေယာဉ်လည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက ပေးပို့တဲ့ ကစ္ဆပနဒီ (၂) ရေယာဉ်ဟာ မေလအတွင်း ရောက်ရှိလာမှာဖြစ်ပြီး ကစ္ဆပနဒီ (၃) ရေယာဉ်ကို တော့ ဆက်လက် ပို့ဆောင်နိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)