အပူချိန်လွန်ကဲမှုကြောင့် အချိန်အခါမဟုတ် လေပြင်း တိုက်ခတ်တာ တွေနဲ့ မိုးကြိုးပစ် တာတွေ ဖြစ်နိုင်

0
317

မတ်လနဲ့ ဧပရယ်လတွေမှာ အပူချိန်တွေ ဆက်တိုက်မြင့်တက် လာတဲ့အတွက် မိုးတိမ်တောင်တွေ ဖြစ်ပေါ်ကာ အချိန်အခါမဟုတ် လေပြင်းတိုက်ခက် တာတွေနဲ့ မိုးကြိုးပစ်တာတွေ မိုးသီးကြွေတာတွေ မိုးထစ်ချုန်းရွာတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ပြည်သူတွေ သတိပြုနေထိုင်ဖို့ မိုး\ဇလက ထုတ်ပြန်ထားပါတယ်။

အခုလိုမျိုးဖြစ်စဉ်တွေဟာ နေလည်ပိုင်းနဲ့ ညနေပိုင်းတွေမှာ အဖြစ်များပြီး လေပြင်းတိုက်ခက်စဉ် တစ်နာရီကို မိုင်လေးဆယ်နှုန်းတိုက်ခိုက်နိုင်ပြီး မိုးလေ၀သ သတင်းတွေကို အဆက်မပြတ် နားထောင်ဖို့လိုတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က နွေရာသီထက် အခုရာသီဟာ ပိုမိုပူပြင်းနိုင်တယ်လို့ မိုးလေ၀သပညာရှင်တွေက ပြောဆိုထားပြီး ပြီးခဲ့တဲ့ နွေရာသီမှာ စိုက်ဆင်းလေပြင်း တိုက်ခက်တာတွေကြောင့် လူသေဆုံးမူတွေနဲ့ အဆောက်အဦ ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)