Running text အထည်ချုပ်စက်ရုံက အလုပ်သမား (၄၀၀) ကျော် ဆန္ဒပြ

0
266

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်က Running Text အထည်ချုပ်စက်ရုံက အလုပ်သမား ၄၀၀ ကျော်ဟာ ဒီကနေ့ မနက်ပိုင်းကစပြီး
စက်ရုံရှေ့မှာ ဆန္ဒပြနေတာဖြစ်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်ရှင်က အလုပ်သမားတွေအပေါ် အနိုင်ကျင့်တာတွေ၊ လုပ်ခလစာငွေ ပြတ်တောက် တာတွေ၊ သင်္ကြန်တွင်းကာလ အလုပ်သမားတွေကို အလုပ်ဆင်းခိုင်းတာတွေနဲ့ လုပ်သက်အလိုက် အလုပ်ရှင် ဘက်က ခွင့်ရက်မပေးတာတွေကြောင့် အလုပ်သမားတွေက မကျေနပ်လို့ ဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ စိုင်းယုမောင်က MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

Running Text အထည်ချုပ်စက်ရုံက အစ္စလာမ်ဘာသာဝင် တစ်ဦးပိုင်ဆိုင်တဲ့ စက်ရုံလို့လည်း ဆိုပါတယ်။

ဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး ခုချိန်ထိ အလုပ်ရှင်ဘက်က အလုပ်သမားတွေနဲ့ တွေ့ဆုံညှိနှိုင်းမှု မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)