ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်ကို မကျေနပ်လို့ မွန် ဒေသခံတွေ ဆန္ဒပြမယ်

0
284

သံလွင် (ချောင်းဆုံ) တံတားကို ဗိုလ်ချုပ် အောင်ဆန်း တံတားလို့ အမည်ပေးဖို့ မဲခွဲဆုံးဖြတ် သတ်မှတ်တဲ့အပေါ် မကျေနပ်တဲ့အတွက် မတ်လ ၁၉ ရက်နေ့မှာ ဒေသခံတွေ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းဖို့လည်း လှုံ့ဆော်နေကြပါတယ်။

မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ ဂုဏ်ပြုခေါ်ဝေါ်ဖို့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ အချိန်ကတည်းက ဒေသခံတွေက ဆန္ဒပြခဲ့ကြပြီး သဘောထား ကြေညာချက်ကိုလည်း သမ္မတ၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်များကို ပေးပို့ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)