ခလိမ်ဒေသကို ရွှေတူးဖော်ရန် လူအင်အား တစ်ထောင်ကျော် ရောက်ရှိ

0
273

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် ခလိမ်ဒေသက ရွှေထွက်ရာနေရာကို မတ်လ ၁၄ ရက်နေ့က ရွှေတူးဖော်ဖို့ လူအင်အား တစ်ထောင်ကျော် ရောက်ရှိနေပါတယ်။

ရွှေတူးဖော်လုပ်ကိုင်ဖို့ ရောက်ရှိနေသူတွေကတော့ ရွှေကျင်မြို့နယ်နဲ့ နီးစပ်ရာဒေသက ရွှေလုပ်ငန်းနဲ့ လုပ်ကိုင်စားသောက်တဲ့ လူတွေပဲ ဖြစ်ပါတယ်။

သတ်မှတ်နယ်မြေအတွင်း ရပ်ကွက်/ကျေးရွာအလိုက် ကိုယ်စားပြုအဖွဲ့ ၁၈ ဖွဲ့ က တစ်ဖွဲ့စီကို နှစ်နာရီတစ်ကြိမ် လူအယောက်နှစ်ဆယ် ၀င်ရောက်တူးဖော်ခွင့်ရပြီး တစ်ရက်ကို ငါးဖွဲ့ပဲ တူးဖော် ခွင့် ပြုထားတာပဲဖြစ်ပါတယ်။

မလိုလားအပ်တဲ့ ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနဲ့ KNU တပ်မဟာ(၃)တို့ ပူးပေါင်းပြီး ကြီးကြပ် ဆောင်ရွက်လျက် ရှိပါတယ်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)