မိုးညှင်း သမ္ဗုဒ္ဓေဘုရား အလှူခံပုံးများ ဖောက်ထွင်းခံရ

0
294

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားမှာ အလှူခံပုံး လေးပုံး ဖောက်ထွင်း ခိုးယူခံရမှု မတ်လ ၁၄ ရက်နေ့ မနက် အစောပိုင်းက
ဖြစ်ပွားခဲ့ပါတယ်။

ရွှေသင်္ကန်း အလှူခံပုံး နှစ်ပုံး၊ သေနာသန အလှူခံပုံး တစ်ပုံးနဲ့ ဝေယျာဝစ္စ အလှူခံပုံး တစ်ပုံးတို့ထဲက ငွေစက္ကူတွေကို ခိုးယူသွားတာပါ။ လတ်တလောမှာတော့ စီစီတီဗီ ကင်မရာတွေကို ပြန်လည် စစ်ဆေးနေပြီး ရဲစခန်းမှာလည်း အမှုဖွင့်ထားပါတယ်။

ခန့်မှန်းခြေ ငွေကျပ် သိန်း ၂၀ လောက် ခိုးယူခံရလိုက်ရတာ ဖြစ်ပါတယ်။ မိုးညှင်းသမ္ဗုဒ္ဓေဘုရားမှာ စီစီတီဗီ ၂၂ လုံး တပ်ထားပြီး ဘုရားလုံခြုံရေး ရဲစခန်းလည်း ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)