မုဒိမ္းမႈေတြ က်ဆင္းေအာင္ မိန္းကေလးေတြရဲ႕ ၀တ္စားဆင္ယင္မႈကို မီဒီယာေတြက တည့္မတ္ေပးဖို႔လို

0
1100

မုဒိမ္းမႈေတြ က်ဆင္းေအာင္ မိန္းကေလးေတြရဲ႕ ၀တ္စားဆင္ယင္မႈေတြကို မီဒီယာေတြက ၀ိုင္း၀န္းတည့္မတ္ေပးၾကဖို႔ အစိုးရအဖြဲ႔က သတိေပးလိုက္ပါတယ္။

ျမန္မာ တစ္ႏိုင္ငံလံုးမွာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္အတြင္း သက္ငယ္၊ သက္ႀကီး မုဒိမ္းမႈ အႀကိမ္ေရေပါင္း ၁၄၀၅ မႈ ျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္ပိုင္း ျပည္ထဲေရး၀န္ႀကီးဌာနက အခုလို သတိေပးလိုက္တာပါ။

ဒီလို သတိေပးရာမွာေတာ့ မိန္းကေလးေတြရဲ႕ ၀တ္စားဆင္ယင္မႈေတြကို ဆရာသမား၊ လူႀကီးမိဘေတြနဲ႔ မီဒီယာေတြက ၀ိုင္း၀န္း တည့္မတ္ေပးၾကဖို႔ သတိေပးထားတာျဖစ္ပါတယ္။

အစိုးရရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြအရ ျမန္မာႏိုင္ငံမွာ မုဒိမ္းမႈျဖစ္ပြားရတဲ့ အေၾကာင္းအရင္းေတြထဲမွာ လက္ကိုင္ဖုန္းေတြကေန တဆင့္ ညစ္ညမ္း ဗြီဒီယိုေတြ၊ ညစ္ညမ္းဓာတ္ပံုေတြကို Internet ညစ္ညမ္း Website ေတြကေန အလြယ္တကူၾကည့္ရႈ႕လို႔ ရေနတာကလည္း အဓိက အေၾကာင္းအရင္း တစ္ခုအေနနဲ႔ ထည့္သြင္း ေဖာ္ျပထားတာပါ။

ဒါ့အျပင္ အေျခခံလူတန္းစာေတြ ေနထုိင္တဲ့ ရပ္ကြက္၊ ေက်းရြာေတြက ဖုန္းဆိုင္ေတြကေနလည္း ညစ္ညမ္းဓာတ္ပံုေတြနဲ႔ ႐ုပ္ရွင္ေတြ လက္ကိုင္ဖုန္းထဲကို ထည့္ေပးတာေတြေၾကာင့္ ျမန္မာႏိုင္ငံမွာ အဓမၼမျပဳက်င့္တဲ့ အမႈေတြ ပိုမ်ားလာရတာလို႔လည္း အစိုးရက ထုတ္ေဖာ္ေျပာၾကားထားပါတယ္။

ျမန္မာ တစ္ႏိုင္ငံလံုးမွာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္အတြင္း အသက္ ၁၆ ႏွစ္ေအာက္ သက္ငယ္မုဒိန္းမႈ ၈၉၇ ခုနဲ႔ အသက္ ၁၆ ႏွစ္အထက္ မုဒိန္းမႈ ၅၀၈ မႈ စုစုေပါင္း ၁၄၀၅ မႈ ျဖစ္ပြားခဲ့ကာ ၂၀၁၆ ခုႏွစ္ထက္ ၃၀၅ မႈ ပိုမ်ားလာတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>

မုဒိမ်းမှုတွေ ကျဆင်းအောင် မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှုကို မီဒီယာတွေက တည့်မတ်ပေးဖို့လို

မုဒိမ်းမှုတွေ ကျဆင်းအောင် မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို မီဒီယာတွေက ဝိုင်းဝန်းတည့်မတ်ပေးကြဖို့ အစိုးရအဖွဲ့က သတိပေးလိုက်ပါတယ်။

မြန်မာ တစ်နိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း သက်ငယ်၊ သက်ကြီး မုဒိမ်းမှု အကြိမ်ရေပေါင်း ၁၄၀၅ မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း ပြည်ထဲရေးဝန်ကြီးဌာနက အခုလို သတိပေးလိုက်တာပါ။

ဒီလို သတိပေးရာမှာတော့ မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို ဆရာသမား၊ လူကြီးမိဘတွေနဲ့ မီဒီယာတွေက ဝိုင်းဝန်း တည့်မတ်ပေးကြဖို့ သတိပေးထားတာဖြစ်ပါတယ်။

အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ မုဒိမ်းမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေထဲမှာ လက်ကိုင်ဖုန်းတွေကနေ တဆင့် ညစ်ညမ်း ဗွီဒီယိုတွေ၊ ညစ်ညမ်းဓာတ်ပုံတွေကို Internet ညစ်ညမ်း Website တွေကနေ အလွယ်တကူကြည့်ရှု့လို့ ရနေတာကလည်း အဓိက အကြောင်းအရင်း တစ်ခုအနေနဲ့ ထည့်သွင်း ဖော်ပြထားတာပါ။

ဒါ့အပြင် အခြေခံလူတန်းစာတွေ နေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာတွေက ဖုန်းဆိုင်တွေကနေလည်း ညစ်ညမ်းဓာတ်ပုံတွေနဲ့ ရုပ်ရှင်တွေ လက်ကိုင်ဖုန်းထဲကို ထည့်ပေးတာတွေကြောင့် မြန်မာနိုင်ငံမှာ အဓမ္မမပြုကျင့်တဲ့ အမှုတွေ ပိုများလာရတာလို့လည်း အစိုးရက ထုတ်ဖော်ပြောကြားထားပါတယ်။

မြန်မာ တစ်နိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း အသက် ၁၆ နှစ်အောက် သက်ငယ်မုဒိန်းမှု ၈၉၇ ခုနဲ့ အသက် ၁၆ နှစ်အထက် မုဒိန်းမှု ၅၀၈ မှု စုစုပေါင်း ၁၄၀၅ မှု ဖြစ်ပွားခဲ့ကာ ၂၀၁၆ ခုနှစ်ထက် ၃၀၅ မှု ပိုများလာတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)