သက္ငယ္ မုဒိမ္းမႈေတြ ေလွ်ာ့ပါးဖို႔ မိဘေတြအျပင္ ရပ္ရြာကပါ ၀ိုင္း၀န္းေစာင့္ေရွာက္ဖို႔လို

0
967

သက္ငယ္ မုဒိမ္းမႈေတြ ေလွ်ာ့ပါးဖို႔ မိဘေတြအျပင္ ရပ္ရြာကပါ ကေလးငယ္ေတြကို ၀ိုင္း၀န္း ေစာင့္ေရွာက္ေပးၾကဖို႔ ျပည္ေထာင္စု အစိုးရအဖြဲ႔က ႏႈိးေဆာ္လိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ တစ္ႏွစ္အတြင္း သက္ငယ္မုဒိမ္းမႈေပါင္း ၉၀၀ နီးပါး ျဖစ္ပြားၿပီးတဲ့ေနာက္ ေဖေဖာ္၀ါရီလ ၁၅ ရက္ေန႔မွာ ျပည္ထဲေရး၀န္ႀကီးဌာနက အဲ့ဒီလို ႏႈိးေဆာ္လိုက္တာပါ။

အဲ့ဒီ ႏိႈးေဆာ္မႈထဲမွာေတာ့ ကေလးငယ္ေတြကို လူျပတ္တဲ့ ေနရာေတြကို တစ္ေယာက္တည္းေစလႊတ္တာ၊ အိမ္ထဲမွာ အေဖာ္မဲ့ တစ္ေယာက္တည္း ထားခဲ့တာ၊ အိမ္နီးခ်င္းေတြဆီ အပ္ႏွံတာ၊ ဆိုင္ကယ္အႀကံဳ စီးေစတာနဲ႔ မုန္႔၊ ေငြေၾကးေပးၿပီး ျမဴဆြယ္ခံရတာေတြ မျဖစ္ေအာင္ သတိထားၾကဖို႔ ကိုလည္း အသိေပးထားတာပါ။

ဒါ့အျပင္ ကေလးငယ္ေတြကို သူစိမ္း၊ ခင္မင္ရင္းႏွီးသူ၊ ေဆြမ်ိဳးသားခ်င္းျဖစ္ေစ အလြယ္တကူ မထားခဲ့ၾကဖို႔၊ ထည့္ေပးလိုက္တာေတြ မျပဳၾကဖို႔ကိုလည္း သတိေပးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သက်ငယ် မုဒိမ်းမှုတွေ လျှော့ပါးဖို့ မိဘတွေအပြင် ရပ်ရွာကပါ ဝိုင်းဝန်းစောင့်ရှောက်ဖို့လို

သက်ငယ် မုဒိမ်းမှုတွေ လျှော့ပါးဖို့ မိဘတွေအပြင် ရပ်ရွာကပါ ကလေးငယ်တွေကို ဝိုင်းဝန်း စောင့်ရှောက်ပေးကြဖို့ ပြည်ထောင်စု အစိုးရအဖွဲ့က နှိုးဆော်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တစ်နှစ်အတွင်း သက်ငယ်မုဒိမ်းမှုပေါင်း ၉၀ဝ နီးပါး ဖြစ်ပွားပြီးတဲ့နောက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနက အဲ့ဒီလို နှိုးဆော်လိုက်တာပါ။

အဲ့ဒီ နှိုးဆော်မှုထဲမှာတော့ ကလေးငယ်တွေကို လူပြတ်တဲ့ နေရာတွေကို တစ်ယောက်တည်းစေလွှတ်တာ၊ အိမ်ထဲမှာ အဖော်မဲ့ တစ်ယောက်တည်း ထားခဲ့တာ၊ အိမ်နီးချင်းတွေဆီ အပ်နှံတာ၊ ဆိုင်ကယ်အကြုံ စီးစေတာနဲ့ မုန့်၊ ငွေကြေးပေးပြီး မြူဆွယ်ခံရတာတွေ မဖြစ်အောင် သတိထားကြဖို့ ကိုလည်း အသိပေးထားတာပါ။

ဒါ့အပြင် ကလေးငယ်တွေကို သူစိမ်း၊ ခင်မင်ရင်းနှီးသူ၊ ဆွေမျိုးသားချင်းဖြစ်စေ အလွယ်တကူ မထားခဲ့ကြဖို့၊ ထည့်ပေးလိုက်တာတွေ မပြုကြဖို့ကိုလည်း သတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)