၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းရဲ႕ ရန္ကုန္တုိင္းေဒသႀကီးမွာ သက္ငယ္ မုဒိမ္းမႈ အမ်ားဆံုးျဖစ္ဟုဆို

0
1027

၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းရဲ႕ ရန္ကုန္တုိင္းေဒသႀကီးဟာ သက္ငယ္ မုဒိမ္းမႈ အျဖစ္အမ်ားဆံုးလို႔ ျပည္ထဲေရး၀န္ႀကီးဌာနက ေျပာၾကားလိုက္တာပါ။

ေဖေဖာ္၀ါရီလ ၁၅ ရက္ေန႔မွာ ထုတ္ျပန္တဲ့ မုဒိမ္းမႈဆိုင္ရာ ျပစ္မႈအရည္အတြက္ေတြအရ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္အတြင္း ရန္ကုန္တိုင္းေဒသႀကီးမွာ အသက္ ၁၆ ႏွစ္ေအာက္ သက္ငယ္မုဒိမ္းမႈ ၁၉၂ ႀကိမ္နဲ႔ အသက္ ၁၆ ႏွစ္အထက္ သက္ႀကီးမုဒိမ္းမႈေပါင္း ၇၈ ႀကိမ္ ျဖစ္ပြားခဲ့ကာ စုစုေပါင္း မုဒိမ္းမႈေပါင္း ၂၇၀ ႀကိမ္ ျဖစ္ေပၚခဲ့တာပါ။

ဒုတိယ အမ်ားဆံုးအေနနဲ႔ကေတာ့ ဧရာ၀တီတိုင္းေဒသႀကီးမွာ အသက္ ၁၆ ႏွစ္ေအာက္ သက္ငယ္မုဒိမ္းမႈ ၁၅၆ ႀကိမ္နဲ႔ အသက္ ၁၆ ႏွစ္အထက္ သက္ႀကီးမုဒိမ္းမႈေပါင္း ၈၇ ႀကိမ္ ျဖစ္ပြားခဲ့ကာ စုစုေပါင္း မုဒိမ္းမႈေပါင္း ၂၄၃ ႀကိမ္ ရွိခဲ့တာျဖစ္ပါတယ္။

အလားတူ တတိယအမ်ားဆံုးအေနနဲ႔ကေတာ့ မႏၲေလးတိုင္းေဒသႀကီးျဖစ္ၿပီး အသက္ ၁၆ ႏွစ္ေအာက္ သက္ငယ္မုဒိမ္းမႈ ၁၀၈ ႀကိမ္နဲ႔ အသက္ ၁၆ ႏွစ္အထက္ သက္ႀကီးမုဒိမ္းမႈေပါင္း ၆၆ ႀကိမ္ ျဖစ္ပြားခဲ့ကာ စုစုေပါင္း မုဒိမ္းမႈေပါင္း ၁၇၄ ႀကိမ္ ရွိခဲ့တာပါ။

ျမန္မာ တစ္ႏိုင္ငံလံုးမွာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္အတြင္း အသက္ ၁၆ ႏွစ္ေအာက္ သက္ငယ္မုဒိန္းမႈ ၈၉၇ ခုနဲ႔ အသက္ ၁၆ ႏွစ္အထက္ မုဒိန္းမႈ ၅၀၈ မႈ စုစုေပါင္း ၁၄၀၅ မႈ ျဖစ္ပြားခဲ့ကာ ၂၀၁၆ ခုႏွစ္ထက္ ၃၀၅ မႈ တိုးပြားလာတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ သက်ငယ် မုဒိမ်းမှု အများဆုံးဖြစ်ဟုဆို

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ရန်ကုန်တိုင်းဒေသကြီးဟာ သက်ငယ် မုဒိမ်းမှု အဖြစ်အများဆုံးလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်တာပါ။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ မုဒိမ်းမှုဆိုင်ရာ ပြစ်မှုအရည်အတွက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ အသက် ၁၆ နှစ်အောက် သက်ငယ်မုဒိမ်းမှု ၁၉၂ ကြိမ်နဲ့ အသက် ၁၆ နှစ်အထက် သက်ကြီးမုဒိမ်းမှုပေါင်း ၇၈ ကြိမ် ဖြစ်ပွားခဲ့ကာ စုစုပေါင်း မုဒိမ်းမှုပေါင်း ၂၇၀ ကြိမ် ဖြစ်ပေါ်ခဲ့တာပါ။

ဒုတိယ အများဆုံးအနေနဲ့ကတော့ ဧရာဝတီတိုင်းဒေသကြီးမှာ အသက် ၁၆ နှစ်အောက် သက်ငယ်မုဒိမ်းမှု ၁၅၆ ကြိမ်နဲ့ အသက် ၁၆ နှစ်အထက် သက်ကြီးမုဒိမ်းမှုပေါင်း ၈၇ ကြိမ် ဖြစ်ပွားခဲ့ကာ စုစုပေါင်း မုဒိမ်းမှုပေါင်း ၂၄၃ ကြိမ် ရှိခဲ့တာဖြစ်ပါတယ်။

အလားတူ တတိယအများဆုံးအနေနဲ့ကတော့ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး အသက် ၁၆ နှစ်အောက် သက်ငယ်မုဒိမ်းမှု ၁၀၈ ကြိမ်နဲ့ အသက် ၁၆ နှစ်အထက် သက်ကြီးမုဒိမ်းမှုပေါင်း ၆၆ ကြိမ် ဖြစ်ပွားခဲ့ကာ စုစုပေါင်း မုဒိမ်းမှုပေါင်း ၁၇၄ ကြိမ် ရှိခဲ့တာပါ။

မြန်မာ တစ်နိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း အသက် ၁၆ နှစ်အောက် သက်ငယ်မုဒိန်းမှု ၈၉၇ ခုနဲ့ အသက် ၁၆ နှစ်အထက် မုဒိန်းမှု ၅၀၈ မှု စုစုပေါင်း ၁၄၀၅ မှု ဖြစ်ပွားခဲ့ကာ ၂၀၁၆ ခုနှစ်ထက် ၃၀၅ မှု တိုးပွားလာတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)