
0
1014




လက်ရှိအခြေအနေမှာဆိုရင်တော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း အသက် ၁၆ နှစ်အောက် သက်ငယ် မုဒိမ်းမှု ၈၉၇ ခုနဲ့ အသက် ၁၆ နှစ်အထက် မုဒိန်းမှု ၅၀၈ မှု စုစုပေါင်း ၁၄၀၅ မှု ဖြစ်ပွားခဲ့ကာ ၂၀၁၆ ခုနှစ်ထက် ၃၀၅ မှု တိုးပွားလာတာဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>

မုဒိမ်းမှုတွေကို ရဲတပ်ဖွဲ့ တစ်ခုတည်းအနေနဲ့ ကာကွယ်တားဆီးလို့ မရနိုင်ဟုဆို

မြန်မာနိုင်ငံ အနှံအပြားမှာဖြစ်ပေါ်နေတဲ့ သက်ငယ်နဲ့ သက်ကြီး မုဒိမ်းမှုတွေကို ရဲတပ်ဖွဲ့ တစ်ခုတည်းအနေနဲ့ ကာကွယ်တားဆီးလို့ မရနိုင်ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ မုဒိမ်းမှုဖြစ်စဉ်တွေနဲ့အတူ ဖြစ်ပွားခဲ့ရတဲ့ အကြောင်းအရင်းနဲ့ ရှောင်ကြဉ်ရမယ့် အချက်တွေကို ဖော်ပြရာမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ မုဒိမ်းမှုတွေ ပပျောက်ဖို့ လူမှုအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ၊ မိဘဆရာတွေက ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှသာ ကာကွယ်တားဆီးနိုင်မယ်လို့လည်း ဖော်ပြထားတာပါ။

လက်ရှိအခြေအနေမှာဆိုရင်တော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း အသက် ၁၆ နှစ်အောက် သက်ငယ်မုဒိန်းမှု ၈၉၇ ခုနဲ့ အသက် ၁၆ နှစ်အထက် မုဒိမ်းမှု ၅၀၈ မှု စုစုပေါင်း ၁၄၀၅ မှု ဖြစ်ပွားခဲ့ကာ ၂၀၁၆ ခုနှစ်ထက် ၃၀၅ မှု တိုးပွားလာတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)