အရက္ ေသာက္စားမႈေၾကာင့္ ၁၆ ႏွစ္အထက္ မိန္းကေလးေတြ မုဒိမ္းက်င့္ခံရဟုဆို

0
1092

အရက္ ေသာက္စားမႈေၾကာင့္ ၁၆ ႏွစ္အထက္ မိန္းကေလးေတြ မုဒိမ္းက်င့္ခံရတာလို႔ အစိုးရက ေျပာၾကားလိုက္ပါတယ္။

ျပည္ထဲေရး၀န္ႀကီးဌာနက ေဖေဖာ္၀ါရီလ ၁၅ ရက္ေန႔မွာ ထုတ္ျပန္တဲ့ မုဒိမ္းမႈျဖစ္စဥ္ေတြနဲ႔အတူ ျဖစ္ပြားခဲ့ရတဲ့ အေၾကာင္းအရင္းနဲ႔ ေရွာင္ၾကဥ္ရမယ့္ အခ်က္ေတြကို ေဖာ္ျပရာမွာ အဲ့ဒီလို ေျပာၾကားလိုက္တာပါ။

အဲ့ဒီ ေဖာ္ျပမႈေတြထဲမွာေတာ့ ကာမ စိတ္ၾကြေဆးေတြ အလြယ္တကူ ၀ယ္ယူႏိုင္တာ၊ လက္ကိုင္ဖုန္းေတြကေန တဆင့္ ညစ္ညမ္း ဗြီဒီယိုေတြနဲ႔ ဓာတ္ပံုေတြကို ၾကည့္ရႈ႕ၾကတာေတြက အဓိက အေၾကာင္းအရင္းေတြ ျဖစ္တယ္လို႔လည္း ေဖာ္ျပထားတာပါ။

အလားတူ မိဘေတြနဲ႔ သားသမီးေတြ အခန္းက်ဥ္းေတြထဲမွာ အတူအိပ္ၾကရာက မိဘေတြ မဆင္မျခင္ ျပဳမူဆက္ဆံတာေတြကို အတုခိုးၿပီး ျပစ္မႈက်ဴးလြန္ၾကတာျဖစ္တယ္လို႔ဆိုပါတယ္။

အဲ့ဒီ ထုတ္ျပန္ခ်က္ထဲမွာပဲ ျမန္မာႏိုင္ငံလံုးမွာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္အတြင္း အသက္ ၁၆ ႏွစ္ေအာက္ သက္ငယ္မုဒိမ္းမႈ ၈၉၇ ခုနဲ႔ အသက္ ၁၆ ႏွစ္အထက္ မုဒိန္းမႈ ၅၀၈ မႈ စုစုေပါင္း ၁၄၀၅ မႈ ျဖစ္ပြားခဲ့ကာ ၂၀၁၆ ခုႏွစ္ထက္ ၃၀၅ မႈ တိုးပြားလာတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အရက် သောက်စားမှုကြောင့် ၁၆ နှစ်အထက် မိန်းကလေးတွေ မုဒိမ်းကျင့်ခံရဟုဆို

အရက် သောက်စားမှုကြောင့် ၁၆ နှစ်အထက် မိန်းကလေးတွေ မုဒိမ်းကျင့်ခံရတာလို့ အစိုးရက ပြောကြားလိုက်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ မုဒိမ်းမှုဖြစ်စဉ်တွေနဲ့အတူ ဖြစ်ပွားခဲ့ရတဲ့ အကြောင်းအရင်းနဲ့ ရှောင်ကြဉ်ရမယ့် အချက်တွေကို ဖော်ပြရာမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

အဲ့ဒီ ဖော်ပြမှုတွေထဲမှာတော့ ကာမ စိတ်ကြွဆေးတွေ အလွယ်တကူ ဝယ်ယူနိုင်တာ၊ လက်ကိုင်ဖုန်းတွေကနေ တဆင့် ညစ်ညမ်း ဗွီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို ကြည့်ရှု့ကြတာတွေက အဓိက အကြောင်းအရင်းတွေ ဖြစ်တယ်လို့လည်း ဖော်ပြထားတာပါ။

အလားတူ မိဘတွေနဲ့ သားသမီးတွေ အခန်းကျဉ်းတွေထဲမှာ အတူအိပ်ကြရာက မိဘတွေ မဆင်မခြင် ပြုမူဆက်ဆံတာတွေကို အတုခိုးပြီး ပြစ်မှုကျူးလွန်ကြတာဖြစ်တယ်လို့ဆိုပါတယ်။

အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာပဲ မြန်မာနိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း အသက် ၁၆ နှစ်အောက် သက်ငယ်မုဒိမ်းမှု ၈၉၇ ခုနဲ့ အသက် ၁၆ နှစ်အထက် မုဒိန်းမှု ၅၀၈ မှု စုစုပေါင်း ၁၄၀၅ မှု ဖြစ်ပွားခဲ့ကာ ၂၀၁၆ ခုနှစ်ထက် ၃၀၅ မှု တိုးပွားလာတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)