ေက်ာင္းပညာနဲ႔ အသက္ေမြးမႈ အတတ္ပညာေတြကို CVT Myanmar အခမဲ့ သင္ေပး (႐ုပ္/သံ)

0
960

ေက်ာင္းျပင္ပေရာက္ လူငယ္ေတြ ေက်ာင္းပညာနဲ႔ အသက္ေမြးမႈအတတ္ပညာေတြကို CVT Myanmar အသက္ေမြးမႈ အတတ္ပညာသင္တန္းေက်ာင္းက အခမဲ႔သင္ၾကားေပးေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ရန္ကုန္ၿမိဳ႕၊ ဗိုလ္တေထာင္ၿမိဳ႕နယ္မွာရွိတဲ႔ Center for Vocational Traning (CVT Myanmar) အသက္ေမြးမႈ အတတ္ပညာသင္တန္းေက်ာင္းက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပညာေရးဆက္လက္မသင္ယူႏိုင္ေတာ့တဲ႔ လူငယ္ေတြကို ေက်ာင္းပညာေရးနဲ႔ အသက္ေမြးမႈအတတ္ပညာ ဘာသာရပ္ ၆ မ်ိဳးကို အခမဲ႔သင္ၾကားေပးေနတာပါ။

Soundbite ေဒၚခင္ျမတ္စႏၵာ (အမႈေဆာင္အရာရွိခ်ဳပ္) Center for Vocational Traning (CVT Myanmar)

အေျခခံပညာအလယ္တန္းအဆင့္ရွိၿပီး ေက်ာင္းျပင္ပေရာက္လူငယ္ေတြကို ေက်ာင္းပညာေရးအျပင္ လွ်ပ္စစ္၊ ပရိေဘာဂျပဳလုပ္မႈ၊ ဟိုတယ္နဲ႔ ဧည့္ဝတ္ျပဳမႈ၊ သတၱဳပစၥည္းလုပ္ငန္း၊ စီးပြားေရးပညာအေထာက္အကူျပဳ သင္တန္းနဲ႔ ခ်ည္ထိုးပန္းထိုး အတတ္ပညာသင္တန္းေတြကို ၄ ႏွစ္ အခမဲ႔ သင္ၾကားေပးေနတာျဖစ္ပါတယ္။
ဒါ့အျပင္ အဲဒီလူငယ္ေတြကို ခရီးစရိတ္၊ စားစရိတ္နဲ႔ ေက်ာင္းသုံးပစၥည္းေတြကိုလည္း အခမဲ ႔ေထာက္ပံ႔ေပးထားပါတယ္။

Soundbite ဦးျပည္ၿဖိဳးသိန္း (ဘာသာရပ္သင္ၾကားသူ) Center for Vocational Traning (CVT Myanmar)

CVT Myanmar အသက္ေမြးမႈ အတတ္ပညာသင္တန္းေက်ာင္းကို လာေရာက္ေလွ်ာက္ထားသူဦးေရ တစ္ႏွစ္မွာ တစ္ရာေက်ာ္ရွိေပမယ့္ သင္ၾကားေပးေနတဲ႔ ေက်ာင္းအက်ယ္အဝန္းအရ တစ္ႏွစ္မွာ လူဦးေရ ၂၀ ကေန ၃၀ ၾကားသာ လက္ခံသင္ၾကားေပးေနတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောင်းပြင်ပရောက် လူငယ်တွေ ကျောင်းပညာနဲ့ အသက်မွေးမှုအတတ်ပညာတွေကို CVT Myanmar အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်းက အခမဲ့သင်ကြားပေးနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ Center for Vocational Traning (CVT Myanmar) အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်းက အကြောင်းအမျိုးမျိုးကြောင့် ပညာရေးဆက်လက်မသင်ယူနိုင်တော့တဲ့ လူငယ်တွေကို ကျောင်းပညာရေးနဲ့ အသက်မွေးမှုအတတ်ပညာ ဘာသာရပ် ၆ မျိုးကို အခမဲ့သင်ကြားပေးနေတာပါ။

Soundbite ဒေါ်ခင်မြတ်စန္ဒာ (အမှုဆောင်အရာရှိချုပ်) Center for Vocational Traning (CVT Myanmar)

အခြေခံပညာအလယ်တန်းအဆင့်ရှိပြီး ကျောင်းပြင်ပရောက်လူငယ်တွေကို ကျောင်းပညာရေးအပြင် လျှပ်စစ်၊ ပရိဘောဂပြုလုပ်မှု၊ ဟိုတယ်နဲ့ ဧည့်ဝတ်ပြုမှု၊ သတ္တုပစ္စည်းလုပ်ငန်း၊ စီးပွားရေးပညာအထောက်အကူပြု သင်တန်းနဲ့ ချည်ထိုးပန်းထိုး အတတ်ပညာသင်တန်းတွေကို ၄ နှစ် အခမဲ့ သင်ကြားပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီလူငယ်တွေကို ခရီးစရိတ်၊ စားစရိတ်နဲ့ ကျောင်းသုံးပစ္စည်းတွေကိုလည်း အခမဲ ့ထောက်ပံ့ပေးထားပါတယ်။

Soundbite ဦးပြည်ဖြိုးသိန်း (ဘာသာရပ်သင်ကြားသူ) Center for Vocational Traning (CVT Myanmar)

CVT Myanmar အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်းကို လာရောက်လျှောက်ထားသူဦးရေ တစ်နှစ်မှာ တစ်ရာကျော်ရှိပေမယ့် သင်ကြားပေးနေတဲ့ ကျောင်းအကျယ်အဝန်းအရ တစ်နှစ်မှာ လူဦးရေ ၂၀ ကနေ ၃၀ ကြားသာ လက်ခံသင်ကြားပေးနေတာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)