ဥပဒေပညာကို မြှင့်တင်ပေးနိုင်ဖို့ ဥပဒေ စာကြည့်တိုက်သစ် ဖွင့်လှစ် (ရုပ်/သံ)

0
1071







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်သူတွေနဲ့ ရှေ့နေတွေရဲ့ ဥပဒေပညာကို မြှင့်တင်ပေးနိုင်ဖို့အတွက် ဥပဒေစာကြည့်တိုက်သစ်ကို ဖွင့်လှစ်လိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

ပြည်သူတွေနဲ့ ရှေ့နေတွေရဲ့ ဥပဒေပညာနဲ့ ဗဟုသုတတွေကို မြင့်တင်ပေးဖို့ရည်ရွယ်ချက်နဲ့ ဥပဒေစာကြည့်တိုက်သစ် ဖွင့်လှစ်တဲ့ အခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း ရုံးမှာ ဖေဖော်ဝါရီလ ၁၅ရက်နေ့ကပြုလုပ်ခဲ့တာပါ။

Soundbite-ဦးခင်မောင်ဇော် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း

အဲ့ဒီ ဥပဒေစာကြည့်တိုက်မှာ စီရင်ထုံးတွေ ပြဌာန်းဥပဒေတွေနဲ့ အကျဉ်းထောင်လက်စွဲ၊ ရဲလက်စွဲ စတဲ့ ဥပဒေ စာအုပ်တွေ ထောင်နဲ့ချီရှိနေတာဖြစ်ပြီး ၁၉၄၉ခုနှစ်ကနေ ယနေ့အချိန်ထိ စီရင်ထုံးတွေ တစ်အုပ်မကျန် ထားရှိထားတာဖြစ်ပါတယ်။

Soundbite-ဦးခင်မောင်ဇော် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း

မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း အခု ဖွင့်လှစ်လိုက်တဲ့ ဥပဒေ စာကြည့်တိုက်ဟာ ရုံးချုပ်အနေနဲ့ဖွင့်တဲ့ တတိယမြောက် ဥပဒေစာကြည့်တိုက် ဖြစ်ပြီး အရင်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နဲ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွေမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်ခင်ဗျာ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)