ရန္ကုန္ဘူတာ႐ံုသစ္ႀကီး တည္ေဆာက္ေရး စီမံကိန္းအတြက္ ကနဦးအဆင့္ တင္ဒါေအာင္ျမင္သူေတြ ေရြးခ်ယ္

0
948

အေမရိကန္ ေဒၚလာ ၂ ဒသမ ၅ဘီလီယံ ကုန္က်မယ့္ ရန္ကုန္ဘူတာ႐ံုသစ္ႀကီး တည္ေဆာက္ေရး စီမံကိန္းအတြက္ ပူေပါင္းေဆာင္ရြက္ဖို႔ စင္ကာပူအေျခစုိက္ ေအာက္ဇ္ေလ ဟိုးလ္ဒင္း (Oxley Holdings) ကုမၸဏီကို ကနဦးအဆင့္ တင္ဒါေအာင္ျမင္သူ (Preferred Bidder) အျဖစ္ ျမန္မာ့မီးရထားလုပ္ငန္းက ေရြးခ်ယ္လိုက္ေၾကာင္း အဲ့ဒီ ကုမၸဏီက သတင္းထုတ္ျပန္ လိုက္ပါတယ္။

အဲ့ဒီ စီမံကိန္းကို ပူးေပါင္းေဆာင္ရြက္ဖို႔ Preferred Bidder ေတြအျဖစ္ ျမန္မာႏုိင္ငံက မင္းဓမၼကုမၸဏီနဲ႔ တ႐ုတ္ႏုိင္ငံက Sino Great Wall ကုမၸဏီ တုိ႔ကိုလည္း ေရြးခ်ယ္ထားတယ္လို႔ ေၾကညာခ်က္မွာ ပါရွိပါတယ္။

စီမံကိန္းဟာ လမ္းပန္းဆက္သြယ္ေရး ဖြံ႕ၿဖိဳးတုိးတက္မႈႈဆုိင္ရာ စီမံကိန္းျဖစ္ၿပီး ရန္ကုန္ဘူတာ႐ံုသစ္ႀကီး တည္ေဆာင္ေရးနဲ႔ ပတ္၀န္းက်င္ သာယာစုိေျပေရးဆုိင္ရာ အေဆာက္အံုေတြနဲ႔ စီးပြားေရး ဗဟိုခ်က္ဆုိင္ရာ ေတြလည္း ပါဝင္ပါတယ္။ အဲ့ဒီစီမံကိန္း ဧရိယာ အက်ယ္အ၀န္းဟာ ၆၃ ဒသမ ၅ ဧကခန္႔ ရွိၿပီး စုစုေပါင္းၾကမ္းခင္း ဧရိယာဟာ စတုရန္းမီတာ ၁ ဒသမ ၀၉ သန္းခန္႔ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်ဘူတာရုံသစ်ကြီး တည်ဆောက်ရေး စီမံကိန်းအတွက် ကနဦးအဆင့် တင်ဒါအောင်မြင်သူတွေ ရွေးချယ်

အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ဘီလီယံ ကုန်ကျမယ့် ရန်ကုန်ဘူတာရုံသစ်ကြီး တည်ဆောက်ရေး စီမံကိန်းအတွက် ပူပေါင်းဆောင်ရွက်ဖို့ စင်ကာပူအခြေစိုက် အောက်ဇ်လေ ဟိုးလ်ဒင်း (Oxley Holdings) ကုမ္ပဏီကို ကနဦးအဆင့် တင်ဒါအောင်မြင်သူ (Preferred Bidder) အဖြစ် မြန်မာ့မီးရထားလုပ်ငန်းက ရွေးချယ်လိုက်ကြောင်း အဲ့ဒီ ကုမ္ပဏီက သတင်းထုတ်ပြန် လိုက်ပါတယ်။

အဲ့ဒီ စီမံကိန်းကို ပူးပေါင်းဆောင်ရွက်ဖို့ Preferred Bidder တွေအဖြစ် မြန်မာနိုင်ငံက မင်းဓမ္မကုမ္ပဏီနဲ့ တရုတ်နိုင်ငံက Sino Great Wall ကုမ္ပဏီ တို့ကိုလည်း ရွေးချယ်ထားတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

စီမံကိန်းဟာ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှှုုဆိုင်ရာ စီမံကိန်းဖြစ်ပြီး ရန်ကုန်ဘူတာရုံသစ်ကြီး တည်ဆောင်ရေးနဲ့ ပတ်ဝန်းကျင် သာယာစိုပြေရေးဆိုင်ရာ အဆောက်အုံတွေနဲ့ စီးပွားရေး ဗဟိုချက်ဆိုင်ရာ တွေလည်း ပါဝင်ပါတယ်။ အဲ့ဒီစီမံကိန်း ဧရိယာ အကျယ်အဝန်းဟာ ၆၃ ဒသမ ၅ ဧကခန့် ရှိပြီး စုစုပေါင်းကြမ်းခင်း ဧရိယာဟာ စတုရန်းမီတာ ၁ ဒသမ ဝ၉ သန်းခန့် ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)