
0
998




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံသား စိစစ်ရေးကတ်ပြားတွေကို ဒီနှစ်ထဲမှာ စမတ်ကတ်ပြောင်းမယ်

နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေကို စမတ်ကတ် ပြောင်းလဲထုတ်ပေးနိုင်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ဒီနှစ်ထဲမှာ စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

၁၉၈၂ ခုနှစ် ဥပဒေအရ ထုတ်ပေးထားတဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေကို စမတ်ကတ်ပြောင်းလဲ ထုတ်ပေးဖို့အတွက် ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ နည်းပညာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှု အကြိမ် ၆၀ အထိ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

အခုချိန်မှာတော့ နိုင်ငံတော်အဆင့်ကနေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ ခွင့်ပြုမိန့် ကျလာတာ ဖြစ်ပါတယ်။ ပြောင်းလဲလိုက်တဲ့ စမတ်ကတ် အရည်အသွေးကလည်း နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)