ရုပ်သံလိုင်း ၅ လိုင်းနဲ့ MRTV တို့ ၁၇ ရက်နေ့မှာ စာချုပ်ချုပ်ဆိုမယ်

0
928




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုပ်သံလိုင်း ၅ လိုုင်းနဲ့ MRTV တို့ ၁၇ ရက်နေ့မှာ စာချုပ်ချုပ်ဆိုမယ်

မြန်မာ့ရုပ်မြင်သံကြား MRTV နဲ့ ရုပ်သံလိုင်း ၅ လိုင်းတို့ ထုတ်လွှင့်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးမယ့် အခမ်းအနားကို လာမယ့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ပြည်လမ်းမှာရှိတဲ့ မြန်မာ့ရုပ်မြင်သံကြားစတူဒီယိုမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီမိုကရက်တစ်မြန်မာအသံ DVB၊ မဇ္ဇျိမ Media Group၊ Fortune International၊ My Multi Media Co.,Ltd နဲ့ KMA Group of Companies စတဲ့ ရုပ်သံလိုင်း ၅ လိုင်းက Content Providers စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

ရုပ်သံလွှင့် ဥပဒေမပေါ်ပေါက်မီ ရုပ်သံမီဒီယာ ဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိက မီဒီယာ ၅ ခုကို Content Providers အဖြစ် ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ကိုင်ခွင့် ပြုခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)